​KNLA နဲ့ပူးပေါင်းတပ် သိမ်းထားတဲ့ ခလရ ၂၇၅ အတွင်း ထိုင်းသတင်းဌာန မှတ်တမ်းတင်

ထိုင်းသတင်းဌာန The Reportersသည် ယနေ့(ဧပြီ၁၅ ရက်)တွင် မြဝတီီမြို့အတွင်းသို့ သွားရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ KNLA နှင့် PDF ပူးပေါင်းတပ်တို့ သိမ်းပိိုက်ထားသော စစ်ကောင်စီတပ်၏ ခလရ(၂၇၅)တပ်စခန်းအခြေအနေကို ကွင်းဆင်းမှတ်တမ်းတင်သတင်းရယူခဲ့သည်။

ဧပြီ ၁၁ ရက်ကတည်းက KNU/KNLA နှင့် ပူးပေါင်းတပ်သည် စစ်ကောင်စီတပ်၏ ခလရ(၂၇၅) တပ်စခန်း၏ ဧရိယာတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ဧပြီ၁၀ ရက်ညပိုင်းတွင် ခလရ(၂၇၅)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂) စစ်ဆေးရေးဂိတ်သို့ ဆုတ်ပြေးသွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် ခလရ(၂၇၅)ထဲသို့ ပစ်ချတိုက်ခိုက်ခဲ့​သေးသည်။

တိုက်ခိုက်မှုကြောင့် ခလရ(၂၇၅)တပ်စခန်း၏ အဆောက်အဦးများ ပျက်စီိးနေကာ မီးလောင်ခဲ့သည်။ ထိုင်းသတင်းဌာနက မှတ်တမ်းတင်ရာတွင် စခန်းအတွင်းအပျက်အစီးများ ၊KNLA ၊ PDF နှင့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရသည်။

ဓါတ်ပုံ-The Reporters


Comments

Leave a Reply

Your email address will not be published. Required fields are marked *