မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ရိက္ခာနှင့် လက်နက်များ စစ်တပ်က ပို့ဆောင်ရာတွင် အဓိက အသုံးပြုနေသည့် ရွာအဝင် တံတားကို ဖောက်ခွဲ ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ရိက္ခာနှင့် လက်နက်များ စစ်တပ်က ပို့ဆောင်ရာတွင် အဓိက အသုံးပြုနေသည့် ရွာအဝင် တံတားကို ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်သားများ တောပု ပျူစောထီးရွာကို ရိက္ခာနှင့် စစ်လက်နက်များ သယ်ယူရာတွင် အဓိက အသုံးပြုနေသည့် ရွာအဝင် တံတားကို ဖောက်ခွဲ ရှင်းလင်းခဲ့ခြင်းကြောင်း သိရသည်။

” အဲ့ဒီရွာက ချောင်းဦးနဲ့မုံရွာ အကြားက ရွာတွေကို ဒုက္ခအပေးဆုံးပဲ စစ်ခွေးတွေ ရိက္ခာပို့တာတွေ လက်နက်တွေ သယ်ယူပို့ဆောင်တာတွေ အဓိက လုပ်တဲ့ တံတားပေါ့။ အဲတာကို ဖောက်ခွဲ ရှင်းလင်းခဲ့တာ စစ်ခွေးတွေ စစ်ကြောင်းထိုးပြီဆိုရင်လည်း အဲ တံတားကနေ ဖြတ်တာပဲ အဲ့ဒါကြောင့် သူတို့ရဲ့ ထောက်ပို့လမ်းကြောင်း‌တွေ လိုက်ပိတ်ရတဲ့ သဘောပါ ” ဟု Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တောပုပျူစောထီးရွာကို တိုက်ခိုက်ချေမှုန်းမည့် မည်သည့်အဖွဲ့စည်းမဆို လက်တွဲသွားရန် ဖိတ်ခေါ်ကြောင်း Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

“တောပု(သို့)စစ်ကျွန်ရွာအဝင်လမ်း ရိုးတံတားအား မိုင်းခွဲဖျက်စီးခြင်း”

ထိုသို့ မိုင်းခွဲဖျက်စီးရခြင်းမှာ စစ်ကိုင်းတိုင်း မုံရွာ(နမခ)ခွေးခြံမှ တောပုပျူရွာသို့ ရိက္ခာ နှင့် စစ်လက်နက်များ သယ်ယူသည့် အဓိက လမ်းကြောင်း၏ အဝင်လမ်းဖြစ်သောကြောင့် ကျွန်တော်တို့ Area71 PDF Monywa အဖွဲ့မှ 15/April/2024 (11:30Pm) အချိန်တွင် မိုင်းခွဲဖျက်စီး ဖြတ်စီးခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *