မြို့တ်မြို့ အခြေစိုက် ခလရ ၁၀၃ တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦးက လက်နက် ၆၈ လက်၊ ခဲယမ်းများနှင့်အတူ KNU ထံတွင် လက်နက်ချ အလင်းဝင်

လက်နက်ချ အလင်းဝင်သူ ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် တပ်ဖွဲ့ဝင်များ၏ ဇနီးများကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ်(ကရခ) လက် အောက်ခံ ခလရ ၁၀၃ တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦးက လက်နက် ၆၈ လက်နှင့်အတူ လက်နက်ချ အလင်းဝင်လာကြောင်း KNU သတင်းရင်းမြစ်ကပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ စစ်ကောင်စီ ခလရ တပ်ရင်း ၁၀၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း ဦးဆောင်သော တပ်ဖွဲ့၀င် ၅၈ ဦးက KNU တပ်မဟာ ၄ ထံ လက်နက် ကြီးငယ် ၆၈ လက်နှင့်အတူ လက်နက်ချခဲ့ကြောင်း၊ KNU တပ် မဟာ ၄ ထိန်းချုပ်ဒေသ ဘောဆော်လော်နှင့် ထီးထာကျားတွင် လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် KNU ထံ လက်နက်ချ အလင်းဝင် အညံ့ခံသော ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်းနှင့် စစ်သည်များ၏ ဇနီးမယားများကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

“လက်နက်ချ အညံ့ခံတဲ့ စစ်သားတွေရဲ့ ဇနီးတွေကို စစ်တပ်က အကုန်ဖမ်းသွားတယ်။ တပ်ရင်းမှူးမိန်းမကို နေ့ လယ်ကတည်းက စရဖကခေါ်သွားတယ်” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top