တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုများကို ထုတ်ပြန်လာ

ကရင်ပြည်နယ် အတွင်းက တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ ရဲဘော်များက သင်္ကြန်အထိမ်းအမှတ် အဖြစ် စစ်ရေးလှုပ်ရှားမှု ဓာတ်ပုံများကို မျှဝေထုတ်ပြန်လာပါတယ်။

သင်္ကြန်နှစ်သစ်အချိန်အခါကာလတွင် တော်ဝင်ဒေါင်းတပ်ရင်းမှ ရဲဘော်များသည် တာဝန်ကျရာနေရာဒေသအသီးသီးတွင် ရောက်ရှိ တာဝန်ထမ်းဆောင်နေကြပြီး၊ဝေးကွာနေသော ရဲဘော် ရဲဘက်ညီအကိုများအတွက် အပြန်အလှန် နှစ်သစ်ဆုတောင်းစာများ ပေးပို့ ထားသည်များကို သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ စုစည်းဖော်ပြထားပါသည်။

တော်ဝင်ဒေါင်းစစ်ကြောင်း၏ ရှေ့တန်းစစ်မြေပြင်များဖြစ်သည့် ပဲခူးအရှေ့ခြမ်း မြေပြန့်လွင်ပြင်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ တောင်တန်းဒေသများတွင် တာဝန်ထမ်းဆောင်နေကြရသည့် တောင်ဝင်ဒေါင်းစစ်သည်တော်များက ရှေ့တန်းစစ်မြေပြင်တွင် ရန်သူကို တိုက်ခိုက်ရင်း အိမ်ကိုလွမ်းကြရသကဲ့သို့ ရဲဘော်များ၏ ဒုတိယမိသားစုဖြစ်သည့် တော်ဝင်ဒေါင်းတပ်ရင်းတွင် အတူတကွ သင်တန်းဆင်းခဲ့ကြသည့် ရဲဘော်များကိုလည်း သင်္ကြန်ကာလတွင် ပိုမိုသတိရမိကြောင်း သတင်းစကားနှင့်အတူ သင်္ကြန်အထိမ်းအမှတ် ဓါတ်ပုံများကို ပေးပို့ထားကြသည်။

တောင်ဝင်ဒေါင်း၏ တပ်ရင်းမှူး ရဲဘော် ကိုခန့်ကလည်း “တောင်ဝင်ဒေါင်းက စစ်သည်တော်တွေကို သတိရကြောင်းနှင့် လက်ရှိကာလတွင် ခက်ခဲပင်ပန်းသော်လည်း ယုံကြည်ချက်ကို ကိုင်စွဲကာ ဆက်ပြီး တော်လှန်သွားပါက ကျွန်တော်တို့၏ရည်မှန်းချက်ဖြစ်သော စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်မှာ မလွဲမသွေဖြစ်ကြောင်း” ပြန်လည်သတင်းစကားပါးသည်။

ယခုသင်္ကြန်အခါ သမယတွင် တော်ဝင်ဒေါင်း တပ်ရင်းက ကျဆုံးသွားကြသည့် ရဲဘော်များ၊ တိုက်ပွဲတွင် ထိခိုက် ဒဏ်ရာရရင်း ဆေးရုံတက်နေကြရသည့် ရဲဘော်များ၊ ရှေ့တန်းစစ်မြေပြင် အသီးသီးတွင် ပြန့်ကျဲကာ တိုက်ပွဲဝင်နေကြရသည့် ရဲဘော်များ၊ နောက်တန်း တပ်ရင်းတွင် ထောက်ပံ့ရေး၊ တည်ဆောက်ရေး၊ လေကျင့်ရေး၊ အုပ်ချုပ်ရေး လုပ်နေကြရသည့် ရဲဘော်ရဲဘက်အားလုံး နှင့်အတူ မြန်မာပြည်သူပြည်သားများအားလုံး သင်္ကြန်နှစ်သစ်ကူးတွင် နေကောင်းကျန်းမာကြပါစေကြောင်း ကျွန်တော်တို့ တော်ဝင်ဒေါင်းစစ်ကြောင်းမှ တော်လှန်တိုက်ပွဲဝင်ရင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *