စစ်အာဏာရှင်ပြုတ်ကျရေး UWSP နှင့်လက်တွဲဆောင်ရွက်မည်ဟုဆန္ဒပြု‌ကြောင်း NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့

အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဆန္ဒပြု အပ်သည်ဟု “ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်ပြည့်အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့သည်။

အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ “ဝ” တိုင်းရင်းသားများအပါအဝင် တိုင်းရင်း သားများလိုလားသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်‌ကြောင်း NUG ယာယီသမ္မတက ‌ပြောသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းသို့ ‌ပြောင်းရွှေ့လာသည့် ပြည်သူ များကို လက်ခံစောင့်ရှောက်ပေးမှုအပေါ် များစွာကျေးဇူးတင်ရှိသည်ဟု ယာယီသမ္မတက ဆိုသည်။

အလားတူ စစ်အာဏာရှင်စနစ်မှလွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ကူညီပံ့ပိုးခဲ့သည်များကိုလည်း ဂုဏ်ယူမိသည်ဟု ယာယီသမ္မတက ဆက်‌ပြောသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ကို ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်‌နေ့တွင် စတင်တည်ထောင်ခဲ့ ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ၃၅ နှစ် ပြည့်‌မြောက်ခဲ့ပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *