ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်နှစ်သစ်ကူးမိန့်ခွန်းမှာထည့်ပြော

ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို မယိမ်းမယိုင်အောင်လုပ်နေလို့ တိုင်းရင်းသားတွေအားလုံးပူးပေါင်းပါဝင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကအရှည်မတွေးတဲ့သူတွေကြောင့်ဒေသမတည်မငြိမ်ဖြစ်ခဲ့တယ်လို့သုံးနှုန်းပြီး ဒီနှစ်မှာ အရှည်မျှော်တွေးပြီး တိုင်းရင်းသားအချင်းချင်းဒုက္ခတွင်းထဲရောက်အောင်မလုပ်ဖို့ ဆိုပြီးလည်းပြောပါတယ်။

ဒါအပြင် ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားခွင့်ရရေးကိုပူးပေါင်းပါဝင်ပေးဖို့ကိုလည်း သူကတိုက်တွန်းပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပါတီစုံဒီမိုကရေစီလမ်းကြောင်းအကြောင်းထည့်ပြောလာတဲ့ အခု ဧပြီ နှစ်သစ်ကူးချိန်ကနေ နောက်ထပ် ၃ လဆိုရင် စစ်ကောင်စီရဲ့ ၅ ကြိမ်မြောက် အရေးပေါ်ကာလသက်တမ်း ၆ လတိုးထားတာလည်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပပေးမယ်လို့စစ်ကောင်စီက အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း တောက်လျှောက်ပြောနေပေမဲ့ ‌နိုင်ငံတဝန်းမှာ ဒေသအများစုကမတည်မငြိမ်ဖြစ်နေတာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *