သင်္ဃန်းညီနောင်ဗျူဟာစခန်းထဲမှ သိမ်းပိုက်သွားတဲ့ လက်နက်ခဲယမ်းများကို ပြန်အပ်ဖို့ စစ်ကောင်စီက BGF ထံတောင်းဆို

သင်္ဃန်းညီနောင်ဗျူဟာစခန်းထဲမှ သိမ်းပိုက်သွားတဲ့ လက်နက်ခဲယမ်းများကို ပြန်အပ်ဖို့ စစ်ကောင်စီက BGF ထံတောင်းဆို! ပြန်လည်အပ်နှံခြင်းမရှိပါက ရွှေကုက္ကိုမြို့သစ်ကို တိုက်ခိုက်သွားမယ်လို့ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ KNU သိမ်း ဆည်းသွားတဲ့လက်နက်ခဲယမ်းများကိုပြန်လည်အပ်နှံဖို့ စစ်ကောင်စီက BGF ထံတောင်းဆိုလိုက်ပြီး ပြန်လည်အပ်နှံခြင်းမရှိပါက ရွှေကုက္ကိုမြို့နဲ့ကာစီနိုများကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထိုင်း Matichon Online သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာ စခန်းကနေ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မ တော် KNU က သိမ်းဆည်းသွားတဲ့ လက် နက်ခဲယမ်းများကိုပြန်လည်အပ်နှံဖို့ BGF အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး စောချစ် သူထံ စစ်ကောင်စီက ကိုယ်စားလှယ်စေလွှတ်ပြီး ပြောကြားခဲ့တာဖြစ်တယ်လို့ Matichon Online သတင်းဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက် နေ့လယ် ၁ နာရီအချိန်က စစ်ကောင်စီရဲ့အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းကို KNLA, PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန် ဗျူဟာမှူး ထွန်းမင်းလတ်နဲ့တပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ စခန်းက လက်နက်ချအညံ့ခံခဲ့ကြတဲ့ ဗျူဟာမှူး ထွန်းမင်းလတ် အပါဝင် အရာရှိအဆင့် ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး၊ စုစုပေါင်း ၆၁၇ ဦးတို့ကို (BGF) ဗိုလ်မှူး စောချစ်သူက သူနေ ထိုင်တဲ့ ရွှေကုက္ကိုမြို့သစ်ကို ခေါ်ယူသွားပြီးနောက် စစ်ကောင်စီနဲ့ချိတ်ဆက်ကာ ရွှေကုက္ကိုမှတဆင့် မော်လမြိုင်မြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းအရင်းအမြစ်များထံမှ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *