မြန်မာပဋိပက္ခ ငြိမ်းချမ်းစွာ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးကြဖို့ ထိုင်းနိုင်ငံ တောင်းဆို

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက တွေ့ဆုံဆွေးနွေးကြဖို့နဲ့ အကြမ်းဖက်မှုတွေ လျှော့ချကြဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာက တိုက်တွန်းလိုက်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကရင်ပြည်နယ်ရှိ အရေးပါသော ကုန်သွယ်ရေးအချက်အချာ မြဝတီ မြို့ကို စစ်ကောင်စီထံမှ သိမ်းပိုက်ပြီးတစ်ရက်အကြာ မဲဆောက်မြို့သို့သွားရောက်တဲ့ ခရီးစဉ်အတွင်း သူ က အခုလို တိုက်တွန်းခဲ့တာပါ။

“ထိုင်းနိုင်ငံသာမက အာဆီယံအဖွဲ့ကလည်း မြန်မာစစ်ကောင်စီထံ သတင်းစကား ကြိမ်ဖန်များ စွာ ပေးပို့ခဲ့ပါတယ်” လို့ မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းထောက်တွေ ကို ပြောပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထိုင်းအစိုးရက မြန်မာ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆို ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်းဆိုတဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရေးနဲ့ပတ်သက်လို့ အာဆီ ယံအဖွဲ့တွင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်” လို့ ပန်ပရီးက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အခြေခံစိုးရိမ်မှုက ကုန်သွယ်ရေးဆက်ဆံမှုကြောင့် မဟုတ်ဘဲ မြဝတီမြို့မှာ ငြိမ်း ချမ်းရေးရရှိတာကို မြင်တွေ့လိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်နိုင်ရင် ထိုင်းနိုင်ငံက စေ့စပ်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိအခြေအနေက ထိုင်းနဲ့မြန်မာကြား ကုန်သွယ်ရေးကို ထိခိုက်စေခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရော ဂါကာလမတိုင်မီ အခြေအနေထက် ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ပြီလို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်က မြန်မာနိုင်ငံသို့ ကုန်စည်တွေပို့ဆောင်ဖို့ အရေးပါတဲ့ ကုန်သွယ်ရေးအချက်အ ချာ မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။

ကိုးကား – Benar News

Ref; Thailand calls for dialogue to end Myanmar conflict peacefully


Comments

Leave a Reply

Your email address will not be published. Required fields are marked *