ဖားကန့်၊ လွယ်ဆိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးပြီး စခန်းကို KIA နယ်မြေရှင်းလင်းရာ လက်နက်ကြီးကျည်မျိုးစုံ ကား ၂ စီးစာ ရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လွယ်ဆိုင်ကျေးရွာရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးစွန့်ခွာသွားသော လွယ်ဆိုင်တာဝါတိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIAက ဝင်ရောက်ရှင်းလင်းရာ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း လွယ်ဆိုင်တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများက စခန်းကို စွန့်ခွာသွားပြီး ကာမိုင်းဗျူဟာတပ်စခန်းသို့ သွားရောက် ပူးပေါင်းကြကြောင်း၊ စစ်သားများက လက်နက်များအားလုံး သယ်ဆောင်သွားကြသော်လည်း ခဲယမ်းအများအပြားကို ချန်ထားရစ်ခဲ့ကြောင်း၊ KIA က ဝင်ရောက် နယ်မြေရှင်းလင်းရာတွင် ခဲယမ်း အများအပြား ရရှိကြောင်း သိရှိရသည်။

“လက်နက်တော့မရဘူး။ ခဲယမ်းကျည်တွေအများကြီးရတယ်။ လက်နက်ကြီးကျည်တွေမျိုးစုံးကားကြီး ၂ စီးစာရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအများအပြားကို KIA က သိမ်း ဆည်းရရှိထားပြီး ကျန်ရှိနေသော စစ်စခန်းများကို လည်း သိမ်းဆည်းရရှိနိင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ၊ များမကြာမီ ဖားကန့်မြို့နယ်တစ်ခုလုံးကို KIA က ထိန်းချုပ်နိုင်တော့မည်ဟု မျှော်လင့်ရကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိထားသော KIA တပ်ဖွဲ့ဝင်တချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *