မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NBPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ တိုက်လေယာဉ်အားကိုးပြီး အပြစ်မဲ့ ပြည်သူများပါမကျန် အနိုင်ကျင့် ဗုံးကျဲသတ်ဖြတ်နေသော မြစ်ကြီးနားလေတပ်စခန်းကို NBPDF တပ်ဖွဲ့ က ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(စစ်ကောင်စီ)တပ်နယ်မြေအတွင်းထိ ဒုတိယအကြိမ် ဝင်ရောက်ပြီး ၁၀၇ မမ ၁၀ လုံးနဲ့ အတွဲလိုက်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ခက်ခဲတဲ့ ကြားမှ အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး NBPDF ရဲဘော်များအားလုံး ဘေး ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု NBPDF တပ်ဖွဲ့ မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း NBPDF တပ်ဖွဲ့က ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မြစ်ကြီးနားလေတပ်ကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး ၁၀ လုံးကို မပစ်ခတ်မီ တွေ့မြင်ရစဉ်။

19.4.2024
တိုက်လေယာဉ်အားကိုးပြီး
အပြစ်မဲ့ ပြည်သူများပါမကျန်
အပေါ်စီးကနေ အနိုင်ကျင့်
ဗုံးကျဲ တိုက်ခိုက်သ-တ်ဖြတ်နေသော
မြစ်ကြီးနား မြို့မှ
အကြမ်းဖက် နမ့်ပေါင်လေတပ်အား
NBPDF တပ်ဖွဲ့ မှ
19.4.2024
9 နာရီ 55မိနစ် တွင်
(မပခ)စစ်ဌါနချုပ်(စစ်ကောင်စီ)တပ်နယ်မြေအတွင်းထိ
( ဒုတိယအကြိမ် )မြှောက်
၁၀၇ မမ ။ (၁၀) လုံး ဖြင့် ခက်ခဲသည့်ကြားမှ
အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး
NBPDF ရဲဘော်များအားလုံး
ဘေးကင်းစွာ ဆုတ်ခွါနိုင်ခဲ့ပါသည် ။
လေးစားစွာဖြင့် ။
NBPDF
တာဝန်ခံ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *