‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့်ပွဲ မြန်မာစစ်တပ် သဝဏ်လွှာပင် မပို့

‘ဝ’ ပြည်နယ်မှ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ နှစ်ပေါင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ‘ဝ’ပြည်နယ် မြို့တော် ပန်ဆန်းမှာ ဧပြီလ ၁၇ ရက်က ကျင်းပပါတယ်။

“ဗမာ (မြန်မာစစ်တပ်) ဘက်ကတော့ ဘယ်သူမှလည်း မလာဘူး။ သဝဏ်လွှာလည်းမပို့ဘူး” လို့ သူက ပြောပါတယ်။

‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅နှစ်ပြည့် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကတော့ ၃နှစ်ဆက် သဝဏ်လွှာပေးပို့တာကို တွေ့ရပါတယ်။

‘ဝ’ပြည်နယ်ရဲ့ ပြန်ကြာရေးချန်နယ်ဖြစ်တဲ့ WSTV ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ အခမ်းအနားဓာတ်ပုံတွေအရ UWSA ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ကျောက်ကျုံးသန်းနဲ့ ကျောက်ကျုံးအမ်း တက်ရောက်မိန့်ခွန်းပြောထဲကို တွေ့ရပါတယ်။

ဥက္ကဌဖြစ်သူ ပေါက်ယူချမ်းကတော့ အခမ်းအနားကို တက်ရောက်လာတာ မတွေ့ရပါဘူး။

WSTV က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ၃၅ နှစ်ပြည့် ငြိမ်းချမ်းရေးပွဲမှာ ချီတက်ပြသခဲ့တဲ့ စစ်သည်အင်အားအရေအတွက်ဟာ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ချီတက်ပြသခဲ့တဲ့ စစ်သည်အင်အားရဲ့ ၅ပုံ ၁ပုံခန့်သာရှိတာကို တွေ့ရပါတယ်။

‘ဝ’ဒေသဟာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ရက်မှာ မြန်မာစစ်အစိုးရနဲ့ UWSA တပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေးရယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဒီနေ့အထိ တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်း မရှိတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနှစ် ၃၀ပြည့်အခမ်းအနားမှာ ‘ဝ’တပ်ဖွဲ့ UWSA က စစ်အင်အားအများအပြား ပြသခဲ့သလို ကွန်မန်ဒိုတပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့၊ လေယာဉ်ပစ်အမြောက်တွေပါ ထုတ်ပြခဲ့တာဖြစ်ပါတယ်။

Photo – WSTV


Comments

Leave a Reply

Your email address will not be published. Required fields are marked *