နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှောက်ဖြူကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုး ကြီ PDF ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး နွားထိုးကြီး မြို့နယ်၊ လျှော်ဖြူကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်လှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်းထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်- ၄ တပ်ရင်းနှင့် အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ် ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ မြင်းခြံမြို့နယ် ပ က ဖ ၊ နွားထိုးကြိးမြို့နယ် ပ က ဖ နှင့် မလှိုင်မြို့ နယ် ပကဖ (MHLG Wings) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေရဲတဲ့ကောင် မြို့ပြင်ထွက်ခဲ့

Natogyi PDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *