မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးခန့်ကို တောပုရွာအရှေ့တောင်ဘက် တစ်နေရာ အရောက် ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ စောထီး ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၃ ကောင်သေပြီး အများအပြား ဒဏ်ရာရတယ်လို့ တိကျခိုင်မာတဲ့ မြေပြင်သတင်းအချက်အလက်က နေသိရပါတယ်။ စစ်ခွေးတွေ အထိနာတော့ တောပုရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါ တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ ၊ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊မုံရွာခရိုင်တပ်ရင်း ၂၄ ၊ တပ်ခွဲ ၂ တပ်ခွဲ ၄ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ ၊ တပ်ခွဲ ၃ နှင့် ကနောင်မင်းသားကြီး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော ကျွန်ုပ်တို့ People’s Defence Force – South Monywaတပ်ခွဲ(၁)သည်

မုံရွာခရိုင်တပ်ရင်း(၁၁)၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force၊

မုံရွာခရိုင်တပ်ရင်း(၂၄)၊ တပ်ခွဲ(၂)တပ်ခွဲ(၄)၊

မုံရွာခရိုင်တပ်ရင်း(၂၇)၊ တပ်ခွဲ(၃)၊

ကနောင်မင်းသားကြီးတို့နှင့်လက်တွဲ၍

15-Apr-2024/ ညနေ၄နာရီ၄၅မိနစ်အချိန်ခန့်တွင်

မုံရွာမြို့နယ်၊ တောပုပျူရွာမှ ထွက်လာသော စခ+ပခ(၁၅)ကောင်ခန့်အား ကျွန်ုပ်တို့မဟာမိတ်ရဲဘော်များမှ တောပုရွာအရှေ့တောင်ဘက်မှ အဆင်သင့်စောင့်ကြို Tite ခိုက်ရာမှ (၃)ကောင်Tay​ပြီး အများအပြားထိခိုက်ဒဏ်ရာရကြောင်း တိကျခိုင်မာသည့်မြေပြင်သတင်းအချက်အလက်များမှသိရှိရပါသည်။

အထိနာနေသော​စခများဘက်မှ တောပုပျူရွာရှိလက်နကြီးများဖြင့်Pyitကူပေးလာခဲ့သော်လည်း မိဘပြည်သူများပို့သသောမေတ္တာများကြောင့် ကျွန်ုပ်တို့မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *