မာနယ်ပလောဒေသရှိ စစ်ကောင်စီတပ်ပစ်လိုက်တဲ့ကျဉ်ဆံ ထိုင်းဘက်ကျ

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ဆုမွဲမြို့နယ်ထဲသို့ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်လိုက်တယ်လို့ဒေသခံများထံမှသိရှိရပါတယ်။

“မာနယ်ပလောဒေသမှာရှိတဲ့ စစ်ကောင်စီတပ် ၉၁၃ စခန်း(နို့ဒေး) အမြောက်ကုန်းက ထိုင်းနိုင်ငံထဲကို တမင်ပစ်ထည့်လိုက်တယ်လို့ပြောတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်း၊စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် တာကြောင့်စိတ်တိုပြီး ပစ်တာ။

81 သီးနဲ့ပစ်တာ အနည်းဆုံး ၅ လုံးလောက်ရှိမယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ပြောချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့အနီးဝန်းကျင်မှာ ၅ လုံးကျတယ်။ ၄လုံးဘဲကွဲတယ်။ ကွဲတဲ့၄လုံးမှာ ၂ လုံးဘဲတွေ့သေးတယ်။ မပေါက်တာကတစ်လုံးရှိတယ်။ အောက်ဘက်ခြမ်းမှာလည်း ကျတာရှိတယ် လို့ပြောတယ်။

လက်နက်ကြီးကျည်ထိုင်းထဲကျတာတောင် ထိုင်းနယ်ခြားစောင့်တပ် (ထမ့်ဟာဖမ်း) စစ်သားတွေကမသိဘူး။ ပြောပြမှသူတို့သိကြတယ်” လို့ စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့ ဒေသခံတစ်ဦး ကပြောပါတယ်။

ကျဉ်ကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်လို့နယ်မြေခံတာဝန်ကျထိုင်းစစ်သားတွေက သိပြီး ကျည်ကျတဲ့ နေရာကိုလိုက်ကြည့်ပြီးမှတ်တမ်းယူထားပြီး အထက်ကိုတင်ပြမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ကျည်ကျရောက်ပေါက်ကွဲသည့်နေရာဒေသတွင် ဒေသခံထိုင်းတောင်ပေါ်သား များ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့ ဘောရှောလူနှင့် မဲ့အုန်းလူနေရာများဖြစ်သည်။

ပုံ – ထိုင်းနိုင်ငံဘက် ကျည်ကျရောက်ပေါက်ကွဲသည့်နေရာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *