စွပု ယတြာချေပုံ အဆင့်ဆင့်

မင်းအောင်လှိုင် အခြေအနေက သူယတြာ လိုက်ချေတဲ့ ဘုရားဘွဲ့တွေ ကြည့်ရင်ကို သိနိုင်တယ်။

– အာဏာ စစ သိမ်းသိမ်းချင်းက ယတြာချေတာ ပုဂံက ထီးလိုမင်းလို ဘုရားမှာ။ ထီးနန်းကို လိုချင်တယ်၊ မင်းဖြစ်ချင်တယ်ပေါ့။

– နောက်တော့ သူ့ကို တနိုင်ငံလုံး ဝိုင်းကျုံးကြတော့ သက်သာလို သက်သာညား ဆိုပြီး ပွင့်ဖြူက သက်သာ ပန်းတောင်းဆိုတဲ့ စေတီမှာ ယတြာ သွားချေတယ်။

– အရှုံးတွေ များပြီး အဘက်ဘက်မှာ နိမ့်ပါးလာတဲ့ အချိန်ကျတော့ သူ့ကိုယ်သူ ဝဋ်ကြွေးတွေ များနေတယ် ထင်ပြီး ပဲခူးက ဝဋ်ကြွေးတော်ကျေမှာ ယတြာ သွားချေတယ်။

– အခုနောက်ဆုံး သူ့ဘဝက နစ်သထက် နစ်လာပြီး ဘယ်လိုမှ ခေါင်းမဖော်နိုင်တဲ့ အချိန်ကျတော့ ဆယ်ပေးပါဦး ဆိုပြီး ဆယ်တော်မူမှာ ယတြာ ချေတယ်။

နောက်ဆို လွတ်အောင်ပြေး ဘုရားတို့၊ ကြိုးစင်လွတ် ဘုရားတို့ ရှိသေးရင် ယတြာ သွားချေဦးမယ့် သဘော ရှိတယ် 😅


Comments

Leave a Reply

Your email address will not be published. Required fields are marked *