ဆီဆိုင်တွင် ခမရ ၄၂၃ တပ်ရင်းမှ တပ်သား ညီညီနိုင်က စစ်ဘေးရှောင်အမျိုး သမီး တစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ် မုဒိမ်းကျင့်ရန် ကြံစည်မှုဖြစ်ပွား

ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၃ တပ်ရင်းမှ တပ်သားညီညီနိုင်ဆိုသူက စစ် ဘေးရှောင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်ဖမ်းဆီးကာ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ဧပြီလ ၁၄ ရက်နေ့က ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာ၌ စစ်ဘေးရှောင်နေသည့် နေရာသို့ အ ကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၄၂၃ တပ်ရင်းမှ တပ်သား ညီညီနိုင်ဆိုသူ ရောက်ရှိလာပြီး ပအိုဝ်း အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့်ချိန်ရွယ်ကာ အနီးရှိ စစ်ဘေးရှောင်များနေထိုင်ရာတဲတစ်လုံး အတွင်းသို့ ဆွဲခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ဆွဲခေါ်သွားပြီးနောက် ယင်းတဲအတွင်းနေထိုင်သူ စစ်ဘေးရှောင်အမျိုးသားကို ခြိမ်းခြောက် မောင်း ထုတ်နေစဉ် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“သူညီမတို့တဲနားရောက်လာပြီး လူတွေအကုန်လုံးကိုမောင်းထုတ်တယ်။ ပြီးတော့ ညီမကို သေနတ်နဲ့ ချိန်ပြီး နင်ငါ့ကိုယူမလား မယူဘူးလားဆိုပြီးပြောတယ်။အဲ တာနဲ့ညီမက မယူဘူးပြောတော့ သူက သေနတ်က ကျည်ဆံနဲ့ နဖူးနဲ့ဟိုးအနောက်ဖက် ဖြောင်သွားချင်လားလို့ ပြောတယ်။ အဲတာနဲ့ညီမက ကြောက်ကြောက်နဲ့ ဆရာက ဘာဖြစ်ချင်လဲမေးတော့ ငါနင်နဲ့အိပ်ချင်တယ်ဆိုပြီးပြောတယ်။ အဲတာ နဲ့ သူက ညီမကို တဲပေါ် အတင်းစွဲခေါ်သွားတယ်။ တဲပေါ်က ခြေထောက်နာနေတဲ့အကိုတွေရှိတယ်။ အဲအကိုတွေကို နင်တို့သွားတော့ ငါသူနဲ့ အိပ်တော့မှာ ဆိုပြီး ပြောနေချိန် ညီမလည်း ဖိနပ်ချွတ်ပြီး ပြေးတာ။ အဲည အဲနေရာနဲ့ဝေးတဲ့ တဲမှာ သွားအိပ်ခဲ့တယ် ။ ခုဆို အဲနားကို ပြန်လိုမရဲသေးဘူး”ဟု အကြမ်းဖက်ခံရသည့် ကာယကံရှင် ပအိုဝ်းအမျိုးသမီးက ပြောကြားသည်။

ဓာတ်ပုံ- ဆီဆိုင် ခမရ ၄၂၃ တပ်ရင်း။

Photo Credit- The People’s Voice – ခမ်းသားငေါဝ်း ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *