စိခဝေးသင်္ချိုင်း စစ်ကိုင်းတိုင်း ဆိုတာ အလကားပြောတာမဟုတ်ဘူး

ရွှေဘိုတွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းကို မိုင်းဆွဲမှု ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ၊ ပေါက်မြို့နယ်တွင်လည်း စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သားနှင့်ပျူစောထီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူစောထီးကျေးရွာစာသင် ကျောင်းတွင် မိုင်းဆွဲခံရထားသဖြင့် ဒဏ်ရာရရှိထားသော မြင်းစီးကျေးရွာမှ ရဲ ၃ ဦး၊ ပျူစောထီး ၃ ဦး စုစုပေါင်း ၆ ဦးတို့ကို စစ်တပ်နှင့်ပျူစောထီးများက ရွှေဘို ဆေးရုံသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာကြောင်း၊ အဆိုပါ လူနာပို့သည့် စစ်တပ်နှင့်ပျူစောထီးများကို မင်းပေးကျေးရွာနှင့် တည်သီးတောပျူစောထီးကျေးရွာအကြားတွင် နင်းမိုင်းနှစ်လုံးဖြင့် လည်းကောင်း၊ မင်းပေးကျေးရွာအနောက်ဘက်တွင် တိုက်မိုင်းတစ်လုံးဖြင့်လည်းကောင်း ၊ မင်းပေးကျေးရွာနှင့် ထနောင်းကိုင်းကျေးရွာအကြားတွင် တိုက်မိုင်းနှစ်လုံးဖြင့်လည်းကောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ဗိုလ ၁ ဦးနှင့် ပျူစောထီး ဖိုးဖြူတို့ ပွဲချင်း ပြီးသေဆုံးပြီး ပျူစောထီး ၇ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ထို့ပြင် ဇီးဖြူကုန်း​ပျူစောထီးကျေးရွာမှ စစ်ကူထွက်လာသော စစ်တပ်နှင့်ပျူစောထီးများကို မြို့လှကျေးရွာအရှေ့ဘက်တွင် တိုက်မိုင်းသုံးလုံးဖြင့် ၃ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု စစ်ဆင်ရေးကို ဗိုလ်ဂျပန်ကြီး-T.T.T-Shwe Bo ပြည်သူကာကွယ်ရေးအဖွဲ့- ဗိုလ်ကျားရိုင်း ၊ ရွှေဘို ပြည်သူကာကွယ်ရေးအဖွဲ့၊ GOLDEN EAGLE-ZBGအဖွဲ့၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မင်းခေါင်အဖွဲ့၊ ကြီးလေးကြီးအဖွဲ့ ၊ Bo Ba Tawအဖွဲ့ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှစတင်၍ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှ ထွက်ခွာလာသော အစီးရေ ၇၀ စီးပါ စစ်ယာဥ်တန်းကို ဒရုန်းဖြင့် အီနာဂါ ဗုံး ၁၀ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လက် နက်ကြီး ၆၀ မမဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားနှင့်ပျူစောထီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Young Force – UGက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku People’s Defense Force (PPDF) ၊ မြိုင်ပကဖ ၊ Black Cobra PKU (ကမ္မတပ်ပေါင်းစု) ၊ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ (PKU Thurein) ၊ DMG (ဓားမင်းကြီး) အဖွဲနှင့် မိမိတို ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ (Young Force-UG) တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မုံရွာမြို့မှ ထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲမှု စစ်သား ၅ ဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေဆုံးနိုင်ကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်အချိန် မုံရွာမြို့မှ ချောင်းဦးမြို့သို့ ထွက်ခွာလာသော သံပြားကာ စစ်ကားတစ်စီးကို မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပထမမိုင်းပွိုင့်မှာ ထိခိုက်မှုမရှိပဲ လွဲချော်သွားခဲ့ပြီး ဒုတိယမိုင်းပွိုင့်အရောက် ထပ်မံတိုက်ခိုက်ခဲ့ရာ ချိန်သားကိုက် ထိထိ မိမိ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့မိုင်းကွဲထိမှန်မှုကြောင့် ကားမှာ နေရာမှာပင် ပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားပေါ်ပါ စစ်သားအချို့က ၄၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ မုံရွေးကြေးမုံရွာအတွင်းဝင် ရောက်ပြီး ဆဲဆိုကာ အချိန်အတော်ကြာသည်အထိ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရသည်။

ထို့အပြင် မုံရွေးကြေးမုံရွာအနီးရှိ တောပုရွာနှင့် ခင်မွန်ဘက်စုံခြံအတွင်းရှိ အကြမ်းဖက်စစ်သားများက မိုင်းဆွဲခံရသည့်နေရာအနီးတဝိုက်သို့ ၆၀ မမ လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ဒေသနေ ပြည် သူ ၃ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားရရှိခဲ့ကြောင်း သိရ သည်။

“ကားပေါ်ပါတဲ့ စစ်ခွေးတွေက များတယ်။ ကားကစုတ်ပြတ်သွားတာ၊ စစ်ခွေးသေတာကတော့ အနည်းဆုံး ၅ ကောင်အထက်ပဲ။ အတိအကျသိရဖို့တော့ ထပ်စုံစမ်းနေတုန်းပါ။ ကားပေါ်ကလည်း ဆင်းပစ်တယ်။ အနီးအနားက ခွေးတွေကိုလည်း အကူခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲဘော် တွေပိတ်မိသွားသေးတယ်၊ ပြည်သူတွေကူညီလမ်းပြပေးလို့ ပြန်ဆုတ်နိုင်ခဲ့တာ။ ကားကိုတော့ စွမ်းရည်ထက်မှာ တပ်စွဲထားတဲ့စစ်ခွေးတွေက အခြားကားတစ်စီးနဲ့လာဆွဲသွားတယ်။ လာဆွဲပြီးမှပဲ ဆဲဆိုသံနဲ့ ပစ်ခတ်သံတွေရပ်သွားတော့တာ” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Area 71 PDF Monywa နှင့် ANYAR DEFENCE FORCE (ADF) မုံရွာ ခရိုင်တပ်ရင်း ၈ PDF အဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့ပေါ်မှ ညောင်ပင်ကန်ရွာသို့ မိုင်းရှင်းလာသော စစ်တပ်ကို တိုက် ခိုက်မှု စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရ၊ ရွှေဘိုမြို့ နယ်၊ ချီပါရွာတံတားထိပ်တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ညောင်ပင်ကန်ရွာသို့ မိုင်းရှင်းလာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် လမ်းရှင်းရန်လာသည့် အကြမ်းဖက်စစ်သားများကို မိုင်း၂ လုံး ဆွဲခဲ့ပြီး ၄၀ မမ အဖူး ၁၇လုံး၊ ၆၀ မမ ၁၀ ဖူး၊ ၈၀ မမ ၁၅ ဖူး လက်လုပ်များဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“သေ မသေ မသိရဘူး။ ကျွန်တော်တို့က ဆေးရုံက ချိတ်ပိတ်ပြီးပြီဆိုတော့ အရင်လို သေစာရင်းမရနိုင်တော့ဘူး။ တိုက်ပွဲအတွင်းမြင်တာနဲ့ ထိခိုက်သတင်းပဲ ရတော့တယ်”ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်သားများဘက်က လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဘေးကင်းသွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်သားများမှာ လမ်းမရှင်းနိုင်ဘဲ ပြန်ဆုတ်သွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်ပကဖအဖွဲ့၊ ဘုတလင်မြို့နယ်တိုက်နယ်၂အဖွဲ့၊ ဘုတလင်မြို့နယ် မဟာအဖွဲ့၊ ဘုတလင်မြို့နယ်ရမ်းဘီလူးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ်ထံမှ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတံတားထိပ်၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားများထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရွှေဘိုမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဧပြီလ ၁၈ ရက်နေ့ ရွှေဘိုမြို့မှ အင်အား ၅၀ ခန့်ဖြင့် ချီပါရွာသို့ စစ်ကြောင်းထိုးလာပြီး ချီပါရွာ တံတား ထိပ်၌ ရပ်တန့်နေရာယူခဲ့ကြောင်း၊ ထို့နောက် ရွှေဘိုမြို့မှ အိမ်စီးကား ၂ စီး၊ ၁၂ ဘီးကား တစ်စီးဖြင့် အင်အား ၁၅၀ ခန့်ထပ်ဖြည့်ကာ ရှေ့ဆက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ရွှေဘိုကနေ ချီပါတံတားထိပ်ကို ခြေလျင်အရင်လာပြီး ကားနဲ့စစ်အင်အားထပ်ဖြည့်တာ၊ ဆက်ထွက် ဖို့ပြင်နေတဲ့အချိန် ကျနော်တို့မဟာမိတ်တွေက ထွက်လာတာနဲ့ ဆီးပစ်ကြတာ၊ အခုထိမဆုတ်ကြ သေးဘူး၊ ချီပါမှာပဲ တန့်ခံနေတယ်။ထိခိုက်သေဆုံးမှုတော့ရှိနိုင်ပေမယ့် သတင်းအတည်ပြုဖို့ မလွယ် ဘူးဖြစ်နေတယ်။ အခုလည်း အင်အားထပ်ဖြည့်နေတယ်၊ အခုဆိုရင် အင်အားက ၃၀၀ ဝန်းကျင်ရှိ နိုင်တယ်” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘိုမှ တာဝန်ရှိသူကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘို၊ Project Flight (Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်၊ မဟူရာရွှေဘိုသား (LPDF)၊ Yaung Ni – SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Flying Dragon Force၊ ရွှေဘို စွန်ရဲနှင့် ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် ယင်းတိုက်ပွဲအတွင်း SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop for Justice -DFJ၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့ တို့က Fixed Wings Droneများဖြင့် ဝေဟင် စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *