မြင်းခြံတွင် စကစတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၇ ဦး သေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၂၂ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ က ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ထုတ်ပြန်သည်။

တိုက်ခိုက်ခံရသော စစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါပြီး မြို့၏မြောက်ဘက်ခြမ်းရှိ ကိုင်းရွာက လူနေအိမ်များကို မီးရှို့ပြီး စစ်ကြောင်းဆက်ထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ‌တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒရုန်းနဲ့ စောင့်ကြည့်ပြီး ဒီကောင်တွေလာမယ့် လမ်းကနေဖြတ်ပြီး တိုက် ခိုက်ခဲ့တာပါ။ တိုက်ပွဲက ၂ နာရီလောက်ပြင်းပြင်ထန်ထန်ဖြစ်ခဲ့ပြီး ဒီကောင်တွေဘက်က စစ်ရှုံးပြီးထွက် ပြေးသွားတာ” ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်နေချိန်ဖြစ်၍ ကိုင်းရွာတွင် အိမ်ခြေမည်မျှ မီးရှို့ခံခဲ့ရသည်ကို မသိရသေးပါ။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မြင်းခြံမြို့နယ် မြောက်ဘက်ခြမ်းရှိ ကိုင်းရွာအပြင် ဆင်ချောင်း၊ ညောင်တို၊ ရန္တပိုတို့ကိုလည်း ဧပြီလ ၂၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ထိုသို့ စစ်ကြောင်းဝင်ရောက် မီးရှို့မှုကြောင့် လက်ရှိ ယင်းကျေးရွာများနေ ဒေသခံ ၁,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်ခံလိုက်ရသော စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့ခြံမြို့နယ်၏ တိုက်နယ်အဆင့်ရရှိထားသော ဆီးမီးခုံမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် တပ်ဆုတ်သွားကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုသည်။

ယခုတိုက်ခိုက်မှုကို Myingyan Black Tiger အဖွဲ့ နှင့်အတူ ငါးဇွန်မြို့နယ် တပ်ရင်း (၆) တပ်ခွဲ (၁) ဖြစ်သော နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေး ပြောက်ကျားတပ်ဖွဲ့ (LPDF) အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းထုတ်ပြန်ချက် ။ ။၂၀၂၄၊ဧပြီ၂၄ရက်

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ ဆင်ချောင်း၊ညောင်တို၊ရန္တပို၊ကိုင်းရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မွှေနှောက်လာသော စကစနှင့်ပျူ အင်အား ၈၀ခန့်ပါ ပူးပေါင်းစ.စ်ကြောင်းသည် ကိုင်းရွာကို မီးရှို့ခဲ့အပြီး ၂၀၂၄၊ဧပြီ၂၂ရက်နေ့ မနက် ၈နာရီခွဲအချိန်ခန့်၌ ဂင့်ဂဲရွာ အရှေ့ဖက်ရှိ သိမ်ဒိုင်ရွာနှင့် ရွာသစ်ရွာ နှစ်ရွာဆီသို့ ရောက်ရှိလာချိန်တွင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း စ.စ်ကြောင်းတို့နှင့် ထိတွေ့တို.က်ပွဲဖြစ်ပွားခဲ့သည်။တို.က်ပွဲကြာမြင့်ချိန် ၂နာရီခန့်ရှိခဲ့ပြီး ၎င်းတို့ စကစနှင့်ပျူ ပူးပေါင်းစ.စ်ကြောင်းတို့မှ ရှုံးနိမ့်၍ ဖရိုဖရဲ ဆုတ်ခွာသွားခဲ့သည်။ထိုနောက် ဆုတ်ခွာထွတ်ပြေးသွားသည့် စကစ စ.စ်ကြောင်းထဲမှ စ.စ်ကြောင်းတစ်ကြောင်းသည် မရိုးကုန်းရွာအနောက်ဖက် ကိုင်းတောထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိ၍ မိမိတို့ MBTတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ကြောင်းမှ နောက်တစ်ကြိမ်ထပ်မံသွားရောက် တို.က်ခိုက်ခဲ့သည်။တို.က်ပွဲသည် တစ်နာရီခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရ.န်သူစ.စ်ကြောင်းသည်

ဇလပ်ကုန်းရွာဖက်သို့ ဖယိုဖရဲ ဆုတ်ခွာထွတ်ပြေးသွားခဲ့သည်။စကစနှင့်ပျူ စ.စ်ကြောင်းအား အောင်မြင်စွာတို.က်ခိုက်၍ ပြန်လာသော မဟာမိတ်ပူးပေါင်းစ.စ်ကြောင်းအား ကျေးရွာ၅ရွာရှိ စ.စ်ဘေးရှောင် ပြည်သူများမှ သောင်းသောင်းဖြဖြကြိုခဲ့ကြသည်။၎င်းတို.က်ခိုက်မှုကြောင့် စကစဘက်မှ ၇ဦး6သဆုံးပြီး ၃၀ခန့် Dဏ်ရာရရှိခဲ့သည်။ယခုကဲ့သို့ စည်းလုံးမှုရှိရှိဖြင့် မိမိတို့ Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနှင့်အတူ ပူးပေါင်းခုခံတို.က်ခိုက်ခဲ့ကြာသော ငါးဇွန်မြို့နယ် တပ်ရင်း (၆)တပ်ခွဲ (၁)နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF)တို့အား MBTတပ်ဖွဲ့မှ အထူးပင်လေးစားဂုဏ်ယူမိပါသည်။မိမိတို့ MBTတပ်ဖွဲ့အနေဖြင့် ပြည်သူအသက်အိုးအိမ်ကို ကာကွယ်၍ စကစတပ်အား နောက်မဆုတ်တမ်းတို.က်ခိုက်လိုသည့် မည့်သည့်တော်လှန်ရေးတပ်ဖွဲ့နှင့်မဆို ပူးပေါင်း၍ လက်တွဲသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်သည်။

Myingyan Black Tiger (MBT)


Comments

Leave a Reply

Your email address will not be published. Required fields are marked *