စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်ကာ ၁ နှစ်တာ၀န် ထမ်းဆောင်ပါမည်ဟု လက်မှတ်ထိုးခိုင်းသည့်အပြင် နေအိမ်ရှိ လူကုန်ခေါ်ယူမှုများရှိနေ

စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်း ဟောင်းများကို ဆင့်ခေါ်၍ စစ်သင်တန်းပေးရာတွင် တစ်နှစ်တာ၀န်ထမ်းဆောင်ပါမည်ဟု လက်မှတ်ရေးထိုးခိုင်း နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ပဲခူးတိုင်းအတွင်းရှိ စစ် မှုထမ်းဟောင်းများကို ဆင့်ခေါ်ရာတွင် ဆင့်ခေါ်သည့် နေ့မှစ၍ တစ်နှစ်တာ၀န်ထမ်းဆောင်ပါမည်ဆိုသည့် အကြောင်းကို လက်မှတ်ထိုးရကြောင်း စစ်မှုထမ်း ဟောင်းမိသားစု၀င်များထံက သိရသည်။

“အိမ်ကအဖေတော့ပါသွားတယ်။ သက်ပြည့်ပင်စင် ယူထားတာ မကြာသေးဘူး။ ခုပြန်ပါသွားပြီ။ သူတို့က ခေါ်တဲ့အခါမှာ သက်ပြည့်ပင်စင်လစာရော၊ အခုတာ၀န်ထမ်းဆောင်စရိတ်ရော ပေးမယ်ပြောတယ်။ အဖေကလည်း နားချင်နေတာ ငွေကြေးမမက်ပါဘူး။ တစ်နှစ်တာ၀န်ထမ်းဆောင်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်” ဟု စစ်မှုထမ်းဟောင်း မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ စစ်မှုထမ်း ဟောင်းများကို အရန်အင်အားဥပဒေဖြင့် ဦးရေ ၆၀ ခန့်ခေါ်ယူ၍ လှည်းကူးရှိ ဖောင်ကြီးသင်တန်းတွင် စစ်သင်တန်းပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေနှင့် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်ဥပဒေဖြင့် စစ်မှုထမ်းဟောင်းနှင့် တပ်သားသစ် ခေါ်ယူစုဆောင်းရာတွင် တစ်အိမ်ထဲရှိ မိသားစု ကုန်ခေါ်ယူမှုများလည်း ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

“ကျွန်တော်က ရှောင်နေရတယ်။ အဖေရယ်၊ အမေရယ် အကိုရယ်ကျန်တာ။ အဖေနဲ့ အကိုကိုခေါ်သွားတယ်။ အမေတစ်ယောက်ပဲ လုပ်ကျွေးမယ့်သူမရှိဘဲ ကျန်ခဲ့တယ်။ သူတို့လစာတွေဆိုတာ ဘယ်ဆီနေမှန်း မသိဘူး။ ရခိုင်လို ကချင်လို စစ်ပွဲထဲအလွှတ်ခံရရင် အသက်အာမခံကလည်း မသေချာဘူး”ဟု ရန်ကုန် တိုင်းအတွင်းရှိ စစ်မှုထမ်းဟောင်း မိသားစု၀င်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေဖြင့် ခေါ်ဆောင်ခံရသည့် စစ်မှု ထမ်းဟောင်းများကို မူလတာ၀န်ကျရာ တပ်ရင်းဌာန များသို့ ပြန်လည်ပို့ဆောင်၍ တာ၀န်ထမ်းဆောင်ခိုင်း မည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့အပြင် ၎င်းစစ်မှုထမ်းဟောင်းများ သင်တန်းပြီးဆုံး ပါက လူသစ်ခေါ်ယူ စုဆောင်းနေသည့် တပ်သားသစ်များကို စစ်သင်တန်းနည်းပြအဖြစ် ခန့်အပ်ခိုင်းစေမည်ဆိုသည့် ပြောဆိုမှုများရှိကြောင်း သိရသည်။

“ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)ထဲက သူကို ကပစကိုပဲပြန်ပို့မယ်၊ အရန်အင် အားတပ်ဖွဲ့ကဆိုရင်လည်း အရန်အင်အားမှာပဲထိုင်ရ မယ်ဆိုပြီး ပြောဆိုခေါ်ယူမှုတွေရှိတယ်။ ရှေ့တန်းမ ထွက်ခိုင်းဘဲ စစ်သင်တန်းနည်းပြအဖြစ် ထားမယ်လို့ လည်းပြောသွားတယ်။ ဒါပေမဲ့ စစ်အင်အားလိုအပ် နေတော့ သူတို့ပြောတဲ့စကားက အတည်မယူနိုင်ဘူး။ ရှေ့တန်းခေါ်သွားလည်း ဘာမှမတတ်နိုင်ဘူး။ မလုပ်ချင်လို့ ပြစ်ဒဏ်ခံယူပြီး ထွက်လာပြီးကာမှ ပြန်သွားရမယ်ဆိုတော့ အတော်မကျေနပ်စရာပါ။ ဆင့်ခေါ်ချိန်မှာ မလာရင်လည်း ထောင်ဒဏ်၊ ငွေဒဏ်နဲ့ ဥပဒေကို အသက်သွင်းထားတော့ အကျပ်ရိုက်နေရတယ်”ဟု အလယ်ပိုင်းတိုင်းရှိ တပ်ရင်းတစ်ခုမှ ထွက်လာသည့် မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဟောင်းစုဆောင်းသည့်နေရာတွင် အင်အားလိုအပ်ချက်ကို ကြည့်ပြီး အောက် ခြေစစ်သားဟောင်းများကို ပြစ်မှတ်ထားခေါ်ယူနေပြီး ခေါ်ယူခံရသူ အများစုမှာ ရှေ့တန်းစစ်မျက်နှာပြင်မှ တိုက်ရိုက်အငြိမ်းစားယူထားသည့်သူများ အများစုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသက်သွင်း လိုက်သည့် အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှု ထမ်းဟောင်း များကို ဆင့်ခေါ်၍ သင်တန်းပေးနေသည်မှာ ပထမအကြိမ် ၊ ပထမအသုတ်ဖြစ်ပြီး ဒုတိယအသုတ်ခေါ် ယူရန် ရပ်ကွက်အတွင်း စာရင်းများထပ်မံကောက်ခံလျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း တစ်ခုအားတွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *