ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ၍ သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင်တဦးလည်းဖြစ်သူကို ဧပြီ ၂၅ ရက်ည ၈ နာရီခန့်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၄၀ အရွယ်ကိုဌေးမင်းဖြစ်ပြီး နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ဆောင်သူတချို့က နေအိမ်ထဲဝင်ပြီး ပစ်ခတ်သွားတဲ့အတွက် ခန္ခာကိုယ်နဲ့ဦးခေါင်းမှာကျည်ထိပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။

“သေနတ်သမားတွေက လူတော့မများဘူး။ နှစ်ယောက်သုံးယောက်တော့ပါမယ်။ သူ့အိမ်ထဲဝင်ပြီး လေး၊ ငါး၊ ဆယ်ချက်ထက်မနည်း ပစ်ခတ်ပြီး ပြန်ထွက်သွားကြတယ်လို့တော့ သိရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် ကိုဌေးမင်းဟာ ကျေးရွာအတွင်းပျူစောထီးခေါင်းဆောင်လို့လည်း လူသိများပြီး ပစ်ခတ်ခံရပြီးနောက်မှာတော့ အလောင်းကို ဒေသခံတွေက ပွင့်ဖြူဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ် ၁၈ ရက်ည ၁၀ နာရီလောက်ကလည်း စလင်းမြို့နယ်၊ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top