အဘ ရက်စက်ပြီ

နေပြည်တော်မှာ ဗလီဆောက်ဖို့ မြေ၂ဧက ချပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုး ဘာညာအဖွဲ့တွေနဲ့ ဘောမ အတော်များများက အဘကို မကျေနပ်ပဲ ပွစိပွစိ လုပ်ကြတယ်။

ဒါ့အပြင် ယောင့်တက်ပြီး နေပြည်တော် မဘသနဲ့ အမျိုးသားရေးဆိုသူတွေက အစည်းအဝေးလုပ်တယ်။ “လူတဦးတည်းရဲ့ ဆန္ဒ သဘောထားနဲ့ အခုလို လုပ်တာကို လက်မခံနိုင်ဘူး၊ ကန့်ကွက်တယ်”လို့ ဆိုပြီး ကြောက်ကြောက်နဲ့ စာတွေ ထုတ်ပါတယ်။

ဒါကြောင့် ဘောမနဲ့တပ်ထောက်ခံတွေကို အာရုံလွှဲဖို့ အဘက အရင်ဆုံး ကြံစီခဲ့တယ်။

ပျောက်နေတဲ့ စိုးဝင်းကို “မသေဘူး၊ မြဝတီကိုပြန်ရရေး စစ်ဆင်ရေးကို သွားရောက် ကြီးကြပ်နေတယ်” လို့ ပြောပြီး ၂၀၂၄ မတ်လ ၁၅ရက် ပုံဟောင်းကြီးနဲ့ ဂျင်းထည့်တယ်။

မြဝတီ ၂၇၅ကို အလံခိုး တင်ပြပြီး မအလတပ်တွေကပဲ မြဝတီကို သိမ်းထားသယောင်ယောင်ပုံမျိုး လံကြုတ် လုပ်တယ်။

“တပ်မ ၅၅ ဦးဆောင်ပြီး နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ဆင်ရေးကြီးအဖြစ် မြဝတီကို ချီတက်နေပြီ” ဆိုပဲ။ တပ်ထောက်ခံနဲ့ ဘောမတွေ အာရုံပြောင်းသွားကြတယ်။

ဟုတ်မဟုတ်က အခုအချိန်ထိ စိုးဝင်းကိုယ်တိုင် လူလုံး ထွက်မပြနိုင်သလို မအလတပ်တွေလဲ မြဝတီကို မရောက်ပဲ ဒေါနတောင်ခြေမှာတင် သေတဲ့သူကသေ၊ တင့်ကားတွေ ထားပြီး ပြေးသူတဲ့ပြေး၊ လက်နက်ချ အဖမ်းခံတဲ့သူက အဖမ်းခံနဲ့ အခုဆိုရင် တပ်မ၅၅က ဗိုလ်ကြီးတဦး ဦးဆောင်ပြီး ၁၀ ဦး အလင်းဝင်လာပါတယ်။ ဆိုရရင်တော့ “အောင်ဇေယျ” စစ်ဆင်ရေးက တပ်ပျက်သွားပါပြီ။

ဒါတင်ပဲလားဆိုတော့ ဘောမတွေခမြာ မြဝတီဂျင်းနဲ့ ဖီးလ်ခံနေတုန်း ကရင်ပြည်နယ် ဖာပွန်၊ ထားဝယ်မြို့နယ်က မောထ၊ ရခိုင်ပြည်နယ်က သံတွဲ၊ မန္တလေးတိုင်းထဲက ပြင်ဦးလွင် အပြင် ကချင်ပြည်နယ် သံဘိုတို့မှာရှိတဲ့ မအလရဲ့ တပ်ရင်းတွေ၊ စခန်းကုန်းတွေ၊ ဗျုဟာတွေ အများကြီး ကျရူံးသွားပါတယ်။

အဲဒီသတင်းတွေကြောင့် ဘောမနဲ့ တပ်ထောက်ခံတွေ စိတ်ပျက် လက်ပျက် ဖြစ်သွားချိန်မှာ အဘက ဒုတိယ ခြေလှမ်း လှမ်းလိုက်ပါတယ်။

အဲဒါက နေပြည်တော်မှာ ရှိတဲ့ မိုက်ကယ်ကျော်မြင့်ရဲ့ အိမ်ကို ချိတ်ပိတ်လိုက်တာပါပဲ။ အဲဒီချိတ်ပိတ်လိုက်တဲ့ သတင်းနဲ့အတူ နေပြည်တော်က မဘသတွေကို ဖမ်းမယ့်သတင်းက လဲ ပေါက်ကြားသွားတာကြောင့် နေပြည်တော်က မဘသတွေ၊ အမျိုးဘာညာ လဘာဂျာကောင်တွေ၊ တပ်ထောက်ခံနဲ့ ဘောမတွေဟာ အချိန်မဆိုင်းပဲ ထွက်ပြေးကုန်ကြပါတယ် တဲ့။

“ကာချုပ်တဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူး၊ ကန့်ကွက်တယ်”လို့ စာသွားထုတ်မိတာကိုး..

အံမယ် ဒင်းတို့က ပြေးရင်း ပြောသွားသေးတယ်၊ “ဒီမအေလိုးက ကိုယ့်လူ ကိုယ်ဘက်တော်သားဆိုပြီး ညှာတာ မဟုတ်ဘူး” တဲ့ ..

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *