စစ်​ကောင်စီက နှစ်လနီးပါးဓါးစာခံဖမ်းဆီးထား​သော ပြည်သူ ၁၈ ဦးထွက်​ပြေးလွတ်​မြောက်လာ

ဖား​ဆောင်းမြို့နယ်မှ နှစ်လ နီးပါး စစ်ကောင်စီ၏ ဓါးစားခံ အဖြစ် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် ပြည်သူ ၁၈ ဦး ထွက်ပြေးလွတ် မြောက်လာကြောင်း ကရင်နီပြည်နယ်၊ဖားဆောင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဧပြီ ၂၉ ရက်)က ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူ ၁၈ ဦးတွင် သက်ကြီးရွယ်အို၊ ကိုယ် ဝန်ဆောင်မိခင် နှင့်ကလေးငယ်များပါဝင်သည်။

“ကွက်သစ်ရပ်ကွက်ထဲကပါ။အားလုံးဘေးကင်းပါပြီ”ဟု ဖားဆောင်း PDF တာဝန်ရှိသူက ပြောသည်။

လွတ်​မြောက်လာသည့် ပြည်သူများကို PDF များက လုံခြုံသည့်နေရာသို့ပို့ဆောင်ပေးပြီးဖြစ်ကြောင်းလည်း အသိပေးသည်။

ဓါးစားခံအဖြစ် ထိန်းသိမ်းခံရစဥ် ထွက်မပြေးရန် စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုမျိုးစုံရှိခဲ့ပြီး ပြည်သူ ၁၀ ဦးခန့်ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။

မတ်လ ၂၃ ရက်ကလည်း ဖားဆောင်းမြို့ ကွက်သစ်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသောပြည်သူ ၁၃၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက ကယ်ထုတ်ခဲ့​သေးသည်။

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်းအများစုကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။

သို့သော် ထိုမြို့ရှိ စစ်ကောင်စီ အ​ခြေစိုက်တပ် ခလရ ၁၃၄ နှင့် ၁၃၅ကို သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်ကြောင်း ကရင်နီစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

(ထွက်​ပြေးလွတ်​မြောက်လာ​သော ပြည်သူများကို PDF များကကူညီ​ခေါ်​ဆောင်လာစဥ်။ဓါတ်ပုံ-ဖား​ဆောင်းPDF)

Leave a Comment