တပ်သားသစ်စုဆောင်းနေသော ကြို့ပင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးညွန့်စိုး ပစ်ခတ်ခံရပြီးသေဆုံး

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းနေသော ကြို့ပင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးညွန့်စိုး ပစ်ခတ်ခံရပြီးသေဆုံး

သဲကုန်းမြို့နယ်၊ဓါးသွေးကျောက်ရွာတွင် အသတ်ခံရသော အုပ်ချုပ်ရေးမှူးနေရာအစားဝင်သည့် အုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရပြီး သေဆုံးပြန်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ်စု ဆောင်းနေသော ကြို့ပင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးညွန့်စိုး ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကပြောဆိုသည်။

မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် မတော်- ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ နှင့် ဆောင်းခိုငှက်-ပေါက်ခေါင်းမြို့နယ် ပကဖအဖွဲ့တို့က ဆိုင်ကယ်ဖြင့်သွားလာသော ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေးမှူး ညွန့်စိုးကို ပစ်ခတ်ရာ ဦးခေါင်းထိမှန်ပြီး လမ်းမပေါ်တွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော ကြို့ပင်၀ိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးညွန့်စိုးသည် ကျေးရွာအတွင်း လူငယ်လူရွယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းပေးခြင်း၊ တော်လှန်ရေး ရဲဘော်များ၏သတင်းကိုစစ်ကောင်စီထံပေးပို့ခြင်း၊ ၎င်း၏ သတင်း ပေးပို့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တချို့ကို စစ်တပ်က ဖမ်းဆီးခြင်းများ ခံရကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အသစ် အောင်ဝင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ် ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့ ည ၇ နာရီအချိန် သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် အောင်ဝင်း၏ နေအိမ် သို့ သေနတ်ဖြင့် ပစ်ခတ်ဝင်ရောက် ရှင်းလင်းရာ ဦးခေါင်း ၁ ချက်၊နောက်ကျော ၁ ချက်ထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ဓါးသွေးကျောက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် အောင်ဝင်းသည် PDF များ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အုပ်ချုပ်ရေးမှူးဟောင်းနေရာကို အစား ထိုးဝင်ရောက်ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အသစ် အောင်ဝင်းသည် စစ်မှုထမ်းရန်အတွက် တပ်သားသစ် စုဆောင်းခြင်း၊ ကျေးရွာတွင် လောင်းကစား၀ိုင်းများ ထောင်ပြီး စစ်ကောင်စီကို ထောက်ပံ့ခြင်း၊ တော် လှန်ရေးရဲဘော်များ၏ သတင်းကို စစ်ကောင်စီထံ ပေးပို့ခြင်း များ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *