မင်းအောင်လှိုင် ပုသိမ်သို့လာရောက်ပြီးနောက် သက်သာချောင်ချိရေးဆိုင်ခန်းများအား ဖိအားပေးဖယ်ရှားခိုင်း

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပုသိမ်မြို့ရှိ တိုင်းစီမံရုံးသို့လာရောက်ပြီးနောက် ကျောင်းများ၊ အားကစားကွင်းများမှသက်သာချောင်ချိရေးအတွက် လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ကတည်းက ငှားရမ်းလုပ်ကိုင်လာသော သက်သာချောင်ချိရေးဆိုင်ခန်းများအား ဖိအားပေးဖယ်ရှားခိုင်း

လွန်ခဲ့သောအနှစ်သုံးဆယ်ကျော်အချိန်ကတည်းက ဌာနဆိုင်ရာများ၊ကျောင်းများနှင့် အားကစားကွင်းပတ်လည်များတွင် သက်သာချောင်ချိရေးရံပုံငွေအဖြစ် အများပြည်သူအားဌားရမ်းပေးကာ လုပ်ကိုင်လာသော ဆိုင်ခန်းများအားယခုလကုန်အပြီး ဖယ်ရှားရန်အမိန့်စာထုတ်ပြန်လာသည်။

“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတို့အဓိကစိုးမိုးမှုရှိတဲ့ ဧရာဝတီတိုင်းကို ခဏခဏလာတယ်။ ပုသိမ်နဲ့ဟိုင်းကြီးကျွန်းကိုတော့ ဦးတည်ပြီးလာလာနေတာပေါ့။ သူလာတဲ့လမ်းတလျောက်နဲ့ တိုင်းကောင်စီ ရုံးနားမှာက ဆိုင်ခန်းတွေရှိတော့ သူ့လာလုပ်မှာကြောက်တယ်လေ။ အဲ့ဒါအပြင် ပြည်သူတွေ အလုပ်အကိုင်မရှိ ငတ်ပြတ်နေမှ နိုင်ငံရေးဘက်ကိုမလုပ်နိုင်မှာ၊ မြောက်ကိုရီးယားလို စစ်ကျွန်အဖြစ် တနိုင်ငံလုံးဆွဲသွင်းပြီး အားလုံးကိုဒုက္ခရောက်စေချင်တာမို့ ဆိုင်ခန်းတွေအကုန်ပြောင်းရွှေ့ခိုင်းပြီး ဖျက်ဆီး ပိတ်သိမ်းဖို့အမိန့်ပေးခဲ့တယ်”လို့ကြားသိရတယ်။

“ဒီလကုန်နောက်ဆုံးထားပြီး အားကာဆိုင်ခန်းများ၊ ကျောင်းများပတ်လည်ဆိုင်ခန်းများကို အပြီးရွှေ့ပြောင်းဖို့ အမိန့်စာထုတ်လာတယ်။ အားလုံးပေါင်း ဆိုင်ခန်းနှစ်ရာကျော်လောက်ရှိတယ်” ဟု ပြည်သူတစ်ဦးမှပြောကြားလာပါသည်။

အများပြည်သူဒုက္ခရောက်မှ စားဝင်အိပ်ပျော်သော တဘဝစံ အကြမ်းဖက်မင်းအောင်လှိုင် နှင့် ၎င်း၏နောက်လိုက်နောက်ပါအပေါင်းလည်း ဘဝအဆက်ဆက် ငတ်မွတ်ခေါင်းပါးခြင်း၊ နေစရာမရှိခြင်းနှင့်ဘေးအသွယ်သွယ် ရန် အပေါင်း စု ပြုံ ကျ ရောက်စေရန် ၎င်းကြောင့်ဒုက္ခရောက်ခဲ့သူအပေါင်းမှ ဝိုင်းဝန်းကျိန်စာတိုက်နေကြောင်းလည်း ထပ်မံသိရှိရပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *