တောင်စွန်းစခန်းသိမ်းတိုက်ပွဲ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ် တောင်စွန်း (လေးနော်)ရွာရှိ တောင်စွန်း စစ်ကောင်စီတပ်စခန်းကို Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) နဲ့ မဟာမိတ်​ပူး​ပေါင်းတပ်တွေက မေလ ၂ ရက်​မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

စစ်​ကောင်စီရဲ့ ​တောင်စွန်းစခန်းဟာ အမှတ် ၂၈၄ ခြေလျင်တပ်ရင်း (ခလရ-၂၈၄) နဲ့ နယ်ခြားစောင့်တပ်-BGF အမှတ် ၁ဝ၂၂ တပ်ရင်းတို့ ပူးပေါင်း တပ်ထိုင်တဲ့စခန်းပါ။

တောင်စွန်းစခန်းကို ၂၀၂၃ ဇန်နဝါရီလတုန်းကလည်း​ တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခဲ့ဖူးပြီး အဲဒီတုန်းကစခန်းကိုမသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ဒီတကြိမ်မှာ တော်လှန်​ရေးတပ်​တွေက ဧပြီလလယ်ပိုင်းကတည်းက​ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ​မေ ၃ ရက်မနက်မှာ စခန်းကိုအပြီးသတ်သိမ်းပိုက်ခဲ့တာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *