ဝေဇယန္တာ လမ်းပေါ်ရှိ မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army – YA ထံမှ သိရသည်။

ယနေ့ မေလ ၂၉ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေသော အကြမ်းဖက် စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ် Yangon Army (YA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်စပ်နေသည့် သူများ အားလုံးနှင့် မတရား ဥပဒေ ထုတ်ပြီး ပြည်သူများကို စစ်မှုထမ်းရေး အားပေး အားမြှောက်ပြု နေသူ အားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း UG ရဲဘော်များက ပြောဆိုသည်။

တောင်ဥက္ကာလာရှိ မြဝတီဘဏ်ကင်းစောင့် စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္ တာလမ်း‌ရှိ စစ်ကောင်စီ​၏ မြဝတီဘဏ် ကင်းစောင့်နေ‌သော စစ်ကောင်စီတပ်သားများကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များနိုင်ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူက‌ပြောသည်။

“ဘန်ကာထဲကိုပစ်ထည့်တာ ။ နှစ်ကောင်သုံး ကောင်လောက် ငရဲပြည်ကြွနိုင်တယ်”
ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ဆင်‌ရေးကို မေလ ၂၉ ရက် ညနေ ၆နာရီ ၄၅ မိနစ်တွင် YAနှင့် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှူဖြစ်ပြီးချိန်တွင် ဂန္ဓမာဟိုးဆေးလ် ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်အဆေးများခဲ့သည်ဟု ဒေသတွင်းသတင်းများကိုဖော်ပြပေးနေသည့် ချန်နယ်များ၌ အသိပေးထားသည်။

“ပြည်သူအားမျိုးစုံဖိနှိပ်အနိုင်ကျင့်နေသောမင်းအောင်လှိုင်နှင့်ဆက်စပ်နေသောသူများအားလုံးနှင့်မတရားဥပဒေထုတ်ပြီး ပြည်သူအားစစ်မှုမထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို ကျွန်ုပ်တို့အနေဖြင့်ထိထိရောက်ရောက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းထပ်မံအသိပေးလိုက်ပါသည်။”ဟု YAကသတိပေးထားသည်။

ထို့ပြင် အခြားပစ်မှတ်ကြီးများကိုလည်း မဟာမိတ်များနှင့်ပူးပေါင်း၍ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများကို ရှောင်ရှားရန် YA က သတိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့နယ်အများအပြားရှိ မြဝတီဘဏ်များတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးအင်အားစုများကတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ မေလ ၂၁ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့ရှိ မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြစ်ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရသည်။

(စစ်ကောင်စီ​၏ မြဝတီဘဏ်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *