တပ်သားသစ်အဖြစ် စုဆောင်းနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ) စောခူထူး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုတွင် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ) စောခူထူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ ရွာရှောင်ကုန်း တွင် နေထိုင်ပြီး အတင်းအဓမ္မစစ်သား စုဆောင်းပေးနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ) စောခူထူး ကို ပစ်ခတ်ရှင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂ ရက်မွန်းတည့် ၁၂ နာရီမိနစ် ၃၀ အချိန်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ ရွာရှောင်ကုန်းတွင်နေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၎င်းထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် ဦးထုတ် ၁ လုံးအား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးသည် အကြမ်းဖက်စစ်ကောင်စီ အလို ကျ ပြည်သူ လူထုအပေါ် အတင်းအကျပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေး ကောက်ခံခြင်း၊ စကစများထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပိုခြင်း၊ အကြမ်းဖက်စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများအပေါ် အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေ ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *