ညောင်လေးပင်တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars UG Bagoမှ တာ ဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်း ညောင်လေး ပင်ခရိုင် ညောင်လေးပင်မြို့မှ ရဲအုပ် ကေသီခိုင်ကို ပြွန်တန်ဆာမြို့အနောက်ဘက် သမကျေးရွာ ရွာချင်းဆက်လမ်း အေးရွာအနီးမြေနီလမ်းပေါ်တွင် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“9 mm ကျည် ၃ တောင့်နဲ့ ပစ်ခတ်ရာမှာ နောက်ကျော နှစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန် သေဆုံးပါတယ်” ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ပြောဆိုသည်။

သေဆုံးသွားသော ရဲအုပ်ကေသီခိုင်သည် ညောင်လေးပင်ရဲစခန်းတွင် တာဝန်ကျနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူသည် ဒိုက်ဦးမြို့နယ်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်သည် အထက်အရာရှိများနှင့်ပူးပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနှင့် သမကျေးရွာမှ ပြည်သူများကို စီးပွားရှာအမြတ်ထုတ်နေသူဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်၏ ဖခင်ဖြစ်သူ ဌေးလွင်မှာ လယ်ယာမြေများသိမ်းဆည်းမှုများဖြင့် ပြည်သူများကို အနိုင်ကျင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ရဲအုပ် ကေသီခိုင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

” ရဲအုပ်ကေသီခိုင်တို့ သားအဖက လယ်ယာမြေ ဧ​က ၅၀၀ ကျော်ကိုအထက် လူကြီးနဲ့ပေါင်း မတရားသိမ်းဆည်းပြီးပြန်လည်ရောင်းစားနေတာလို့ သိရတယ်။ သူ့ဖခင် ဌေးလွင်ကို သေနတ် ပေးထားပြီး ဘေးပတ်ဝန်းကျင် ရွာတွေကို အနိုင်ကျင့်စေခိုင်းနေသူပါ။ စစ်ကောင်စီခန့် အုပ်ကြီး လည်း မဟုတ်၊ ရာအိမ်မှူးလည်း မဟုတ်ဘဲ ဋ္ဌေးလွင်ကလည်း အဲဒီ ပတ်ဝန်းကျင်မှာသမီးအရှိန်အဝါနဲ့ ထင်တိုင်းကြဲတန်ခိုးထွားနေသူပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူက မခံနိုင်လို့တိုင်ပါများရင်တော့ မိန်းမယောကျာ်းခွဲခြားနေမှာမဟုတ်ပါဘူး။ အပြစ်ရှိတဲ့ သူကိုတော့ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသားပဲ အပြစ်ပေးမှာပါ။ အခုလည်း မဆိုင်တဲ့ပြည်သူတွေကို ပြဿနာရှာ နေတယ်လို့ကြားရတယ်” ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရှင်းပြသည်။

9 Stars UG Bago က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများကို ဆက်လက် တိုက်ခိုက်ရှင်းလင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။

3.6.2024.. တနလ်ာနေ့…8:50am

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ညောင်လေးပင် မြို့..ခရိုင် ရဲအုပ်..ကေသီခိုင်အားပစ်ခတ် ရှင်းလင်းခြင်း…..

ရဲအုပ်ကေသီခိုင် က ညောင်လေးပင်ရဲစခန်းမှာတာဝန်ကျတာဗျ..သူယောကျာ်းကလဲ ရဲပဲ ဒိုက်ဦးမြို့နယ်ရဲစခန်းမှာတာဝန်ကျတယ်…

ကေသီခိုင်က အထက်အရာရှိတွေနဲ့ပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနဲ့ သမကျေးရွာက ပြည်သူတွေကို သူအဖေဋ္ဌေးလွင်ကပါ အနိုင်ကျင့်ရမ်းကားနေသူတစ်ယောက်လို့ ပြည်သူ တွေရဲ့ တိုင်ချက်အရ ကျန်တော်တို့ 9 stars UG အဖွဲ့ကပစ်ခတ်ရှင်းလင်းလိုက်တာပါ…အဲ့ဘေးပတ်ဝန်းကျင် ရွာတွေက လယ် ဧက 500 ကျော်ကိုအထက်လူကြီးနဲ့ပေါင်း မတရားသိမ်းဆည်းပြီးပြန်လည်ရောင်းစားနေတာလို့လဲသိရတယ်ဗျ…သူအဖေ ဋ္ဌေးလွင်ကိုသေနတ်ပေးထားပြီးဘေးပတ်ဝန်းကျင်ရွာ‌ေတွကို အနိုင်ကျင့်စေခိုင်းနေသူပါ..စကစ.ခန့် အုပ်ကြီး လဲ မဟုတ် ရာအိမ်မှူးလဲ မဟုတ်ပဲ ဋ္ဌေးလွင်ကလဲအဲ့ပတ်ဝန်းကျင်မှာသမီးအရှိန်အဝါနဲ့ ထင်တိုင်းကြဲတန်ခိုးထွားနေသူပါ..ကျွန်တော်တို့အနေနဲ့ကတော့..ပြည်သူက မခံနိုင်လို့တိုင်ပါများရင်တော့..မိန်းမယောကျာ်းခွဲခြားနေမှာမဟုတ်ပါဘူး…အပြစ်ရှိတဲ့ သူကိုတော့ပြင်းပြင်းထန်ထန်ပြက်ပြက်သားသားပဲ…အပြစ်ပေးမှာပါ…ခုလဲ..မဆိုင်တဲ့ပြည်သူတွေကို ပြဿနာရှာ နေတယ်လို့ကြားရတယ်ဗျ အသေးစိတ်ကတော့မသိသေးဘူး…တလရ ရဲဘော်တွေအားလုံးတော့ ဘေးကင်းစွာနဲ့နေရပ်ပြန်ရောက်ပါပြီ…နောက်နောင်ကိုလဲ..ကျွန်တော်တို..9 Stars UG အဖွဲ့အနေနဲ့..စကစ.ရဲ့အကြိုက်ရမ်းကားနေတဲ့စစ်ခွေး ရဲခွေး အုပ်ကြီး ရာအိမ်မှူး ပျူစောထီး ဒလန်မှန်သမျှ…ရရင်ရသလို..တိုက်ခိုက်ပြီး..တော်လှန်ရေး အောင်ပွဲရချိန်အထိပြည်သူနဲ့အတူအစွမ်းကုန်ကြိုးစားသွားပါ့မယ်လို့ကတိပေးပါတယ်…
9 Stars UG Bago


Comments

Leave a Reply

Your email address will not be published. Required fields are marked *