Myspace App နဲ့ Messenger ကို ရီပို့ မထုကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ..

😏😏 ဗိုလ်ချုပ်မူုးကြီး မင်းအောင်လှိုင် အရမ်းသဘောကျတဲ့ Myspace App နဲ့ Messenger ကို ရီပို့ မထုကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ..

“ဒီ myspace app နဲ့ မက်စင်ဂျာက facebook နေရာမှာ အစားထိုးဖို့ လုပ်ထားတဲ့ဟာပေါ့၊ ပြည်သူတွေ Facebook သုံးတာ အခုနောက်ပိုင်း ဟိုးအရင်ကလို အဆင်မပြေဘူး လို့ ကြားရတယ်”

” ဥပမာ ပုံတင်လို့ မရတာ၊ စကားအသုံံးအနူန်း အမှားမခံတာ၊ အမုန်းစကား ပြောလို့မရတာ၊ အမှန်တရားကို တင်ပြလို့ အဆင်မပြေတာ၊ ရိချတာ စသဖြင့်ပေါ့၊ အဲလိုတွေ ဖြစ်တဲ့အခါကျ ပြည်သူတွေ စိတ်ချမ်းသာရအောင် နိုင်ငံတော်က အခုလို myspace ကို အကောင်အထည်ဖေါ်ပေးလိုက်ရတာ ဖြစ်တယ်”

“နစကဥက္ကဌကြီးရဲ့ လမ်းညွှန်မူနဲ့အတူ နိုင်ငံတော်က ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး လုပ်ပေးထားရတဲ့အတွက် လိုင်းပေါ်က လူတွေ ခိုင်းသလို Report တွေ မထုကြဖို့ အလေးအနက် တောင်းဆိုပါတယ်”

“အထူး မှာကြားချင်တာက myspace app ရဲ့ အပေါ်ထောင့်က အစက်၃စက်ကို နှိပ်ပြီး အောက်က Flag as inappropriate ကို မဝင်ပါနဲ့၊ ခင်ဗျားဝင်လိုက်ရင် ဒီ App ကို ဘာလို့ဖယ်ရှားသင့်သလဲဆိုတဲ့ အကြောင်းအရာ ၆ခုပေါ်လာလိမ့်မယ်၊ အဲဒီအထဲကမှ တခုခုကို နှိပ်ပြီး Submit လုပ်လိုက်ရင် ဒီ App ကို Google App storeကနေ ဖြုတ်ချခံရပါ့မယ်၊ ဒါကြောင့် ဗိုလ်ချုပ်မူုးကြီးမင်းအောင်လှိုင်ကို ချစ်ရင် မလုပ်ကြဖို့ တောင်းဆိုပါတယ်”

“နောက်ဆုံးအနေနဲ့ ပြည်သူတွေ ဝမ်းသာရအောင် အသိပေးလိုတာက အဲဒီ myspace myanmar ကို ဗိုလ်ချုပ်မူုးကြီးလင်မယားက အရမ်း သဘောကျနေပါတယ်” ဟု့ဆိုကာ ဖုန်းချသွားပါတယ်ခင်ဗျား။

ကဲ မအလ မကြိုက်တာကို မလုပ်ကြနဲ့.. ကိုယ့်ကြိုက်တာ ကိုယ်လုပ်ကြ ဒါပဲ..

ချစ်ကိုကြီး

စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်မှု အောင်မြင်

စစ်ကောင်စီရဲ့ Facebook အစားထိုး My Space Myanmar လူမှုကွန်ရက် စာမျက်နှာကို ပြည်သူတွေ အသုံးမပြုကြဖို့နဲ့ Report ပြုလုပ်ဆန့်ကျင်ကြဖို့ တောင်းဆိုမှု အောင်မြင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြည်တွင်းမှာ Facebook အသုံးပြုလို့မရအောင် စစ်ကောင်စီအနေနဲ့ VPN တွေကို ပိတ်ပင်နေပြီး Facebook အစား သူတို့ဖန်တီးထားတဲ့ My Space Myanmar လူမှုကွန်ရက်ကို Google Play Store မှာ တင်လာတဲ့အပေါ် အသုံးမပြုကြဖို့နဲ့ Report ပြုလုပ် ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့တာလို့ တော်လှန်ရေး ထောက်ပို့ချန်နယ် လုပ်ဆောင်နေသူတဦးက ပြောပါတယ်။

“My Space Myanmar မှ မဟုတ်ဘူး၊ စစ်တပ်နဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့ သပိတ်မှောက်ရမှာ။ အခုတော့ Playstore မှာ မရှိတော့ပါဘူး။ ဒါက ကျနော်တို့ပြည်သူတွေရဲ့ ညီညွတ်မှုကို ပြသလိုက်သလိုပါပဲ။ ဒီဟာကို အဓိကဦးဆောင်လုပ်နေတဲ့ Burbrit Beer ရဲ့ Co-founder ဆိုတော့ သူတို့လုပ်ငန်းကိုလည်း ဆက်ပြီး သပိတ်မှောက်ကြဖို့ တောင်းဆိုချင်ပါတယ်။”

ပြီးခဲ့တဲ့ မေ ၃၀ ရက်ကစပြီး ပြည်တွင်းရှိ Facebook သုံးစွဲသူ ပြည်သူတွေအနေနဲ့ VPN တွေ ချိတ်ဆက်လို့ မရတော့တာကြောင့် Facebook နဲ့ Messenger သုံးစွဲဖို့ အခက်အခဲ ရှိလာခဲ့ပြီးနောက် ဇွန် ၄ ရက်မှာ My Space Myanmar ကို Facebook နေရာမှာ အစားထိုးဖို့ စစ်ကောင်စီက စီစဉ်ခဲ့ကြောင်း သိရပါတယ်။

My Space Myanmar App ကို developer ဉာဏ်မျိုးထိုက် myspave-dev@hotmail.com Myanmar (Burmese) က ရေးဆွဲခဲ့တာဖြစ်ပြီး အခုနှစ် ဧပြီ ၂၇ ရက်မှာ စတင်ခဲ့ကာ မေ ၂ ရက်မှာ နောက်ဆုံး update လုပ်ထားခဲ့ပြီး Downloads ပြုလုပ်ထားသူ ၁,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့ အိုင်တီနည်းပညာရှင်တဦးက ပြောပါတယ်။

“ဒီApp ကို အသုံးပြုဖို့ ခွင့်ပြုချက် တောင်းခံတဲ့နေရာမှာ Location, Contact, Microphone, Camera စတဲ့ အချက်အလက်တွေပါ တောင်းခံတဲ့အတွက် အသုံးပြုတဲ့သူရဲ့ ကိုယ်ရေးအချက်အလက်တွေ အကုန်ရသွားတာပေါ့။ အဆိုးဆုံးကတော့ run in background အနေနဲ့ပါ permission ယူထားတော့ တခြား App သုံးနေရင်လည်း သူတို့က အကုန်သိပြီးသား ဖြစ်သွားတာ။”

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက် အသုံးပြုဖို့အတွက် VPN ကို မေ ၃၀ ရက်က စတင်ကာ ပိတ်ပင်ရေးနဲ့ စစ်ကောင်စီက ရေးဆွဲထားတဲ့ My Space Myanmar App ကို အသုံးပြုရေး စီမံချက်ကို ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်မှ အရာရှိတွေ အပါအဝင် Mascots ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်နဲ့ တရုတ်နည်းပညာရှင်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေ​တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *