ထိုင်းရဲ့ ရက် ၆၀ နေထိုင်ခွင့်ရှိတဲ့ ဗီဇာကင်းလွတ်ခွင့်ရ ၉၃ နိုင်ငံမှာ မြန်မာ မပါဝင်

ထိုင်းအစိုးရဟာ ပြည်ပခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး နိုင်ငံပေါင်း ၁၀၀ နီးပါးကို ဗီဇာမပါဘဲ ရက် ၆၀ အထိ လာရောက်လည်ပတ်နေထိုင်ခွင့်ပြုထားပြီဖြစ်ပေမယ့် အိမ်နီးချင်း မြန်မာနိုင်ငံကို ဒီစာရင်းမှာ မထည့်သွင်းထားကြောင်း အတည်ပြုကြေညာသွားပါတယ်။

၂၀၂၄ ဇွန် ၁ ရက်နေ့က စလို့ တရုတ်၊ လာအို၊ မွန်ဂိုလီးယား၊ ရုရှား၊ ကမ္ဘောဒီးယားနဲ့ မက္ကာအိုနိုင်ငံ ၆ နိုင်ငံဟာ ထိုင်းကို ဗီဇာမပါဘဲ လည်ပတ်ရမှာ ရက် ၆၀ အထိသက်တမ်းတိုးနေထိုင်သွားလာခွင့်ပြုလိုက်လို့ ရက် ၆၀ ထိုင်း မှာ နေထိုင်လည်ပတ်နိုင်တဲ့ နိုင်ငံပေါင်း ၉၃ နိုင်ငံ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အရင်က ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ အိမ်နီးချင်း ၃ နိုင်ငံစလုံးဟာ ထိုင်းကို ဗီဇာမဲ့နဲ့ ၁၄ ရက်သာ လာရောက် ခွင့်ပြုထားရာမှာ အခု ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေ ရက် ၆၀ အထိ သက်တမ်းတိုး နေထိုင်ခွင့်ရသွားပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ အရင်အတိုင်း ၁၄ ရက်ဗီဇာနဲ့သာ ဆက်လက် လာရောက်ခွင့်ရှိမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်ချက်ထဲ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ Destination Thailand Visa အသစ် ထုတ်ပြန်မှုမှာတော့ ထိုင်းနိုင်ငံ အကျိုးစီးပွားကို အကျိုးရှိစေမယ့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူ၊ ထိုင်းအစားအသောက်လုပ်ငန်းလေ့လာသူ၊ ထိုင်းအမျိုးသား အားကစား နည်းဖြစ်တဲ့ မွေထိုင်းပညာ လေ့လာချင်သူတွေအတွက် သီးသန့် ရက်ပေါင်း ၁၈၀ နေထိုင်နိုင်မယ့် ဗီဇာကို ဖွစ်လှစ် ပေးကြောင်းလည်း ကြေညာသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ် ဘဏ္ဍာရေးအစီရင်ခံစာအရ မြန်မာနိုင်ငံသားတွေဟာ ရုရှားကို ကျော်တက်ပြီး တရုတ်ပြီးရင် ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုအများဆုံး ဖြစ် ခဲ့ကြောင်း သိရှိရသလို ဒီရက်ပိုင်းထဲ ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လည်း လုပ်ဆောင်နေခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top