VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေ

VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ

အကြမ်းဖက်စစ်ကောင်စီက VPN အသုံးပြုသူများကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိချမှတ်နိုင်သော ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး မကြာမီ အတည်ပြု ကြေညာရန် ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့မှစတင်ပြီး VPN များကို အသုံးမပြုနိုင်ရန် Secure Web Gateway ဖြင့် ပိတ်ပင်လိုက်ကြောင်း၊ သို့ရာတွင် VPN များအားလုံးကို မပိတ်နိုင်ဘဲ ပြည်သူများက Facebook ကို ဆက် လက် အသုံးပြုနေကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲပြီး VPN များအသုံးပြုလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ်ကိုလည်းကောင်း ချမှတ်နိုင်သော ဥပဒေကို မကြာမီအတည်ပြုကြေညာရန် ရှိနေကြောင်း သိရှိရသည်။

” Secure Web Gatewayနဲ့ VPN တွေ ပိတ်ပင်ပေမယ့်လည်း ပြည်သူတွေက Facebook ဆက်သုံးနေတုန်းပဲလေ။ အဲဒါကို ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း ထုတ်ပြီး ထပ်ပြီး အရေးယူဖို့ လုပ်နေတယ်။ ဖေ့ဘုတ်စ်ကို ခိုးသုံးရမယ့် အခြေအနေ ဖြစ်လာတော့မယ်။ VPN ပိတ်လိုက်တော့ Facebook Live Sale တွေ တအားကျသွားပြီးတော့ ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ စီးပွားရေးတွေလည်း လုပ်မရတော့တာမျိုးတွေ ဖြစ်နေတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ပြောဆိုသည်။

-+-+-+-+-+-+-

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံမတည်မငြိမ် ဖြစ်နေမှုသည် Facebook ကြောင့်ဟုဆိုကာ ပိတ်ပင်ရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိနေကြောင်း သိရှိရသည်။

VPN သုံးရင် ထောင်သုံးနှစ်ထိ ချလို့ရတဲ့ ဥပဒေဆိုတာကို ဘာသာပြန်ရရင် ဖေ့စ်ဘုတ်ပေါ် နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ သူတို့ကို မဆန့်ကျင်တဲ့ ပိုစ့်မျိုး တင်မိရင်တောင် ဖမ်းလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ကိုယ့်ဓါတ်ပုံ ကိုယ်တင်လည်း ဖမ်းလို့ရတယ်။ Live လွှင့် စျေးရောင်းလည်း ဖမ်းလို့ရတယ်။ ယုတ်စွဆုံး သူများက အကောင့်တုနဲ့ ကိုယ့်ဓါတ်ပုံတင်ရင်တောင် ဖမ်းခံရနိုင်တယ်။

ဆိုလိုတာက နင်တို့ ငါတို့ကို ဆန့်ကျင်ကျင်၊ မဆန့်ကျင်ကျင် ငါတို့ဖမ်းချင် ဖမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

တစ်နိုင်ငံလုံး အုတ်တံတိုင်းခတ်ပြီး နေပြည်တော်ကို ကိုကိုးကျွန်း ရွှေ့လိုက်ရင် စောက်လုပ်ရှုပ် မသက်သာဘူးလား။

ဘာဥပဒေလဲ

L33 ဥပဒေလား

ပျော့လိုက် မာလိုက်နဲ့

ပန်ဆယ်လို


Comments

Leave a Reply

Your email address will not be published. Required fields are marked *