ယနေ့ တစ်နေ့တည်း KIA က စစ်တပ်စခန်း ၃ ခုကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်

၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လဖိုင်နယ်ခြားစောင့်တပ်စခန်းကို KIA က သိမ်းပိုက်

ယနေ့ တစ်နေ့တည်း KIA က စစ်တပ်စခန်း ၃ ခုကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လဖိုင်နယ်ခြားစောင့်တပ်စခန်းကို KIA က သိမ်း ပိုက်လိုက်ပြီး ယနေ့ တစ်နေ့တည်း KIA က စစ်တပ်စခန်း ၃ ခုကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ ခစတ ၁၀၀၃ နယ်ခြားစောင့်တပ်၊ လဖိုင် စစ်တပ်စခန်းကို KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန် ၀ိုင်းမော်မြို့နယ် ဆဒုန်းလမ်းမပေါ်ရှိ ဘွမ်တောင်စခန်းကိုလည်းကောင်း၊ နံနက် ၉ နာရီအချိန် ၀ိုင်းမော်မြို့ နယ်၊ ချီဖွေ-ဆဒုံးလမ်းခွဲရှိ ၁၃ မိုင် စစ်တပ်စုပေါင်းဂိတ်ကိုလည်း ကောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ လဖိုင် နယ်ခြားစောင့်တပ်စခန်းကိုလည်းကောင်း အသီးသီး တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက ၀ိုင်းမော်မြို့နယ်အတွင်းတွင် လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်နေပြီး စစ်ဘေးရှောင် ပြည်သူ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *