စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ဒေါ်လာနှင့်ရွှေစျေးများ ပြန်တက်

စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ဒေါ်လာနှင့်ရွှေစျေးများ ပြန်တက်

အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၂၀ ကျပ်အထိ စျေးတက်လာပြီး ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၇ သောင်းကျော်အထိ စျေးတက်

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာနှင့်ရွှေကုန်သည်များကို ဖမ်းဆီးမှုများ လုပ် ဆောင်နေသော်လည်း အမေရိကန် ဒေါ်လာနှင့်ရွှေစျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၁၃ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၂၀ ကျပ်စျေးရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၇ သောင်းကျပ်ကျော်အထိ စျေးတက်သွားခြင်းဖြစ်ကြောင်း၊ ပြင်ပစျေးကွက်တွင် ရွှေအရောင်းအဝယ် နှင့် ဒေါ်လာ အရောင်းအဝယ် အနည်းငယ် ပြန်လည် ဖြစ်လာကြောင်း ရန်ကုန်ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလဲဒိုင်တချို့က ပြောဆိုကြသည်။

“ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းတက်တယ်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၂၉ ဒသမ ၈ ရှိတယ်။ အမေရိကန်ဒေါ်လာက ၄၄၀၀ ကျော်အထိ ပြန်တက်လာတယ်။ အခုက ရွှေစျေးကွက်ရော ဒေါ်လာစျေးကွက်ရော ပြင်ပမှာ ဖြစ်နေတယ်။ မှောင်ခိုစျေးကွက်လိုတော့ဖြစ်တာပေါ့။ အရောင်းအဝယ်လည်း ဖြစ်တယ်။ ရွှေစျေးက ၅၄ သိန်း ၇ သောင်းကျော်ရှိတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရန်ကုန်ရွှေအသင်းက သတ်မှတ်ထားသော အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၄၆ သိန်း ၇ သောင်းဝန်းကျင်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *