ဖုန်းအရောင်းဆိုင် လုယက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိဟုဆို

မန္တလေးမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်အား ဓားရှည်များ ကိုင်ဆောင်ပြီး လုယက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်အား ဓားရှည်များကိုင်ဆောင်ပြီး လုယက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉ လမ်းနှင့် ၃၈ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် Paradise ဖုန်းဆိုင်သို့ ဓားရှည်ကိုင်ဆောင်ထားသူနှစ်ဦး ဇွန် ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ဆိုင်ရှင်နှင့် ဝန်ထမ်းများကို ခြိမ်း‌ခြောက်ကာ ဖုန်းများလုယက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဓားပြတွေကိုတော့ မိပါပြီ ဖုန်းတွေတော့ ပြန်မရသေးပါဘူး”ဟု အဆိုပါဖုန်းဆိုင်ပိုင်ရှင်က ‌ပြောကြားသည်။

လုယက်ခဲ့သူများက ယူဆောင်သွားသည့် ဖုန်းများမှာ Redmi A3 4/128Gb အပြာနှင့် အနက်ရောင်များဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်သည့်နေရာမှာ မန္တလေးမြို့တွင် လူစည်ကားသည့်နေရာ တစ်ခုတွင်အပါအဝင်ဖြစ်ကြောင်း မန္တလေးမြို့ခံများက ‌ပြောကြား သည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်ကလည်း မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်‌ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *