နမခ စစ်ဌာနချုပ်ရဲ့ ကာကင်းစခန်းကို PDF တွေ ဝင်တိုက် (ရုပ်သံ)

Union Liberation Front (ULF) စစ်ကြောင်းက ဦးဆောင်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ ၁၅ ဖွဲ့ကျော် ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ထီးတော်တင် ရွာအနီးက စစ်ကောင်စီရဲ့ ကာကင်းစခန်း ဟာ မုံရွာမြို့ အနောက် မြောက်တိုင်း စစ်ဌာနချုပ် နဲ့ အနီးကပ်ဆုံး ဖြစ်ပြီး စစ်ကောင်စီ အတွက် အရေးပါတဲ့ ကာကင်း စခန်း တခု ဖြစ်တယ်လို့ ဆိုပါတယ်။

အချိန် နာရီဝက်လောက်သာ ကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာ စစ်သား တဒါဇင်ကျော် သေဆုံးပြီး ၅ ဦး အရှင်မိ ကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပူးပေါင်း တပ်ဖွဲ့ကို ဦးဆောင်တဲ့ စစ်ကြောင်းမှူး က ပြောပါတယ်။

ဒီကာကင်းစခန်းမှာ စစ်ကောင်စီ တပ်သား အင်အား ၃၀ကျော်ရှိပြီး အနီးနား က ဒေသခံတွေ ကို ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်မှုတွေ ပြုလုပ်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ပါဝင် တိုက်ခိုက်ခဲ့တဲ့ တပ်ပေါင်းစု အဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်

၂၀၂၄ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ ညနေ(၅)နာရီခန့်က မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ ထီးတော်တင်ရွာမှာ ယာယီတပ်စွဲထားသော အင်အား(၃၅)ယောက်ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို ကျနော်တို့ ULF(စစ်ကြောင်း)နှင့်မဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသည်။

တိုက်ပွဲကြာချိန် မိနစ်(၃၀)ခန့်အပြီးမှာ ယင်းစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၀)ခန့် သေဆုံးကာ၊ စစ်သုံ့ပန်း(၅)ဦးကိုတော့ အရှင်လက်ရဖမ်းဆီးမိခဲ့ပါသည်။

တိုက်ပွဲအပြီး သိမ်းဆီးရမိသော လက်နက်ပစ္စည်းများမှာ MA (1) ၆လတ်၊ MA (3) ၂လတ်၊ MA (2) ၁လတ်၊ BA (၁၀၀)စိန်ပြောင်း ၁လတ်၊ ၆၀မမ ဗုံးသီး ၅လုံး၊ ၅.၅၆ကျည် 1330တောင့်၊ ၇၉မမ ဗုံးသီး ၂လုံး၊ ကျည်ဘောက် ၂၅ဘောက် တို့ဖြစ်ပါသည်။

ယင်းမစ်ရှင်ကို ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးကိုယ်တိုင် ဦးစီးကွပ်ကဲရျ် ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊၉၊၁၀)ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter၊ CTLPDF၊ ထန်းတပင်၊ K2၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် ၄၅ KLG PDF၊B 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local)၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တို့မှ ပူးတွဲမစ်ရှစ် ဆောင်ရွက်ခဲ့ပါသည်။

ULF(စစ်ကြောင်း)သည် စစ်အာဏာရှင်အမြစ်ဖြတ်ဖြုတ်ချနိုင်ရေးအတွက် အမှတ်(၁)စစ်ဒေသမှ MOD၏လက်အောက်ခံတပ်ရင်းများ၊ပကဖများ၊Local တပ်ဖွဲ့များနှင့် ညီညွတ်စွာပူးပေါင်းတိုက်ပွဲဖော်ဆောင်လျှက်ရှိကြောင်း လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *