ရှမ်းမြောက်မှ ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်ရရှိရေးနှင့် ပေါင်းစည်းရေး မင်းအောင်လှိုင် ၏ ဦးစားပေး လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်ဖြစ်နေ

ရှမ်းမြောက်မှ ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်ရရှိရေးနှင့် ပေါင်းစည်းရေး မင်းအောင်လှိုင် ၏ ဦးစားပေး လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်လည် ပေါင်းစည်းရေး၊ ပြန်လည် ရရှိရေးမှာ စစ်ခေါင်းဆောင် နှင့် စစ်ကောင်စီ၏ ဦးစားပေးလုပ်ငန်းစဉ်နှင့် ရည်မှန်းချက်အဖြစ် ရှိနေပြီး နိုင်ငံရေးအရသော်လည်း ကောင်း၊ စစ်ရေးအရသော်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းရန် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများနှင့်ပတ်သက်၍ စစ်ကောင် စီနှင့် စစ်တပ်အတွင်း ညွှန်ကြားချက်၊ သဘောထားမှတ်ချက် ပေးထားမှုရှိကြောင်း၊ ယင်းသဘောထားမှတ်ချက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်မြေများသည် ပြည်ထောင်စု၏ အစိတ်အပိုင်းများဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မှ ကွဲထွက်သွား၍ မရကြောင်း၊ ယင်းဒေသမှ နယ်မြေများသည် လက် ရှိ ပဋိပက္ခများကြောင့် ယာယီအားဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုမှ ကင်း လွတ် နေသော်လည်း ပြည်ထောင်စု၏ အစိတ်အပိုင်းဖြစ်၍ အနာဂတ်တွင် ပြန် လည် ပေါင်းစည်းရမည် (သို့မဟုတ်) ပြည်ထောင်စု၏ အုပ်ချုပ်မှုအောက်တွင် ပြန်လည် ရောက်ရှိရမည်ဟု သဘောထားမှတ်ချက်ပြုထားကြောင်း သိရှိရသည်။

“ဒါတွေက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်တယ်။ အခုအချိန်မှာ ဘယ်လိုကြောင့်ပဲ ပြည်ထောင်စုရဲ့ အုပ်ချုပ်မှုအောက်ကနေ ကင်းလွတ်နေပါစေ၊ အနာဂတ်မှာ ဒီနယ်မြေတွေအားလုံးက ပြည်ထောင်စုရဲ့ အုပ်ချုပ်မှု အောက်ကို ပြန်လည်ပြီးတော့ ရောက်ကို ရောက်ရမယ်၊ ပြန်လည်ပေါင်းစည်းရမယ်။ ဒီအ တွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းရမယ်။ ပြည်ထောင်စု ပြိုကွဲထွက်လို့မရဘူး။ စစ်ရေးအရသော် လည်း ကောင်း၊ နိုင်ငံရေး အရသော်လည်းကောင်း နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းရမယ်လို့ တပ်ချုပ်က ရှမ်းမြောက်ဒေသနဲ့ ပတ်သက်လို့ သ ဘော ထားမှတ်ချက်ပေးထားတာရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးများအတွင်းတွင် ရှမ်းမြောက်ဒေသ မှ ဆုံးရှုံးသွားသော နယ်မြေ များကို ပြန်လည် ပေါင်းစည်းရေး လုပ် ဆောင်ရာတွင် နိုင်ငံရေးအရသော် လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ၊ အိမ်နီးချင်းနိုင်ငံ၏ ကူညီမှုဖြင့်သော်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းရမည်ဟု မှာကြားမှုများရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့်မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်ခဲ့သော်လည်း စစ်ကောင်စီက ရှမ်းမြောက်ဒေသရှိ လားရှိုး၊ မူဆယ်၊ သီပေါ၊ ကျောက်မဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ရှမ်းမြောက်တစ်ခွင်လုံးတွင် လက်နက်အင်အားများ၊ လူအင်အား၊ ဒရုန်းအင်အား၊ ခဲယမ်းများ၊ အမြောက် လက်နက်ကြီးများ အပါအဝင် စစ်ရေး ဖြည့်တင်းမှုများ တောက် လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *