ပြင်ဦးလွင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို လှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီ လုံခြုံ‌ရေးတင်းကျပ်ထားသည့် ပြင်ဦးလွင်မြို့ ကန်တော်ကြီးကန်ဘောင်၌ ဇွန်လ ၁၄ရက်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို လှူပ်ရှားမှူအဖြစ် “စစ်ဖိနပ်အောက် ပန်းများမပွင့်”စာတန်းချိတ်ဆွဲခဲ့ကြောင်း မေမြို့ ပင်မအထွေထွေသပိတ်အင်အားစုကအသိပေးထားသည်။

“အခုချိန်မှာ ဒီတိုင်းပြည်ရဲ့ ဘုံရန်သူက စစ်အာဏာရှင်စနစ်ပါ။ဒီအချိန်မှာ ကျနော်တို့ လူထုအနေနဲ့ အလေးအနက် စဉ်းစားဆင်ခြင်ကြဖို့ အချိန်ကြပါပြီ။ မိမိတို့ တဦးချင်း တဖွဲ့ချင်းဆီမှာ ရှိကြတဲ့ ကိုယ်ခွန်ကိုယ်အားကို အစွမ်းကုန် အသုံးချပြီးတော့ “ငုံ့မခံဘဲ တုန့်ပြန်” ကြရမယ့် အချိန်အခါပါ။” ဟု မေမြို့ ပင်မအထွေထွေသပိတ်အင်အားစုက သတိပေးထားသည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုလှုပ်ရှားမှုများကို သပိတ်အင်အားစုများက လုပ်ဆောင်လျက်ရှိပြီး မွေးနေ့တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ်ဆင်နွဲရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *