ရန်ကုန်တွင် ဂေါ်ဖီတစ်ထုပ် ကျပ် ၈၀၀၀ ခန့်အထိဈေးတက်

“ဂေါ်ဖီတင်မကဘူး အခြားကုန်စိမ်းတွေပါတက်နေတယ်။ခရမ်းချဉ်သီးတပိဿာကို ကျပ် ၇၀၀၀ နဲ့ ဘူးသီးတစ်လုံး ၇၀၀၀ အထိရှိလာတယ်”- ရန်ကုန်မြို့မှအိမ်ရှင်မတစ်ဦး

ရန်ကုန်မြို့တွင်ဂေါ်ဖီထုပ် တစ်ထုပ်လက်လီဈေး ကျပ် ၈၀၀၀ ခန့်ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မေလကုန်ပိုင်းမှာစတင်ပြီး ဂေါ်ဖီထုတ်ဈေးမှ စတင်မြင့်တက်လာပြီးကုန်စည်ဝင်ရောက်မှုနည်းပါးနေကြောင်းလည်း ရန်ကုန်မြို့ကုန်စိမ်းအရောင်းဒိုင်များထံမှသိရသည်။

“၂ ပိဿာလောက်ရှိတဲ့ ဂေါ်ဖီထုတ်ကို ၇၀၀၀ နဲ့ ၈၀၀၀ ကြားပေးရတယ်။ တနိုင်ငံလုံး ဂေါ်ဖီထုတ်ဈေးတွေ တက်နေတာ။”ဟု ကုန်စိမ်းဒိုင်တစ်ဦးကပြောသည်။

ဧပြီလဆန်းပိုင်းက ဂေါ်ဖီတထုတ်ကို ကျပ် ၂၀၀ မှ ၅၀၀ ကြားသာရှိသော်လည်း မေလကုန်မှစတင်ပြီး ယခုလို အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။ ကုန်စည်သယ်ယူပို့ဆောင်မှုခက်ခဲခြင်းကြောင့် ယခုလို့ဈေးမြင့်တက်လာခြင်းလည်းဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

သယ်ယူစရိတ်၊ အလုပ်သမားခ၊ စည်ပင်ကြေး၊ ဂိတ်ကြေးစသည့်တိုသည် ယခုရက်ပိုင်းအတွင်းလည်း ဈေးမြင့်တက်လာသည်ဟု ၎င်းကဆက်ပြောသည်။

“ဂေါ်ဖီတင်မကဘူး အခြားကုန်စိမ်းတွေပါတက်နေတယ်။ခရမ်းချဉ်သီးတပိဿာကို ကျပ် ၇၀၀၀ နဲ့ ဘူးသီးတစ်လုံး ၇၀၀၀ အထိရှိလာတယ်”ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးကပြောသည်။

သို့သော်တောင်သူများထံတွင် ဂေါ်ဖီတထုတ်ကို ကျပ် ၁၀၀၀ မှ ၁၅၀၀ ကြားသာရှိသည်ဟုလည်း ရှမ်းပြည်တောင်ပိုင်းမှ စိုက်ပျိုးရေးတောင်သူတစ်ဦးကပြောသည်။

ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ကုန်စည်းစီးဆင်းမှုစရိတ်များမြင့်တက်လာခြင်းကြောင့် ကုန်စိမ်းများအပါအဝင် အခြားကုန်စည်များလည်း ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

စစ်ကောင်စီက ဒေါ်လာနှင့်ရွှေဈေးမတက်စေရန်ဆိုကာ လုပ်ငန်းရှင်များကို ဖမ်းဆီးခြိမ်းခြောက်နေသော်လည်း
ယခုရက်ပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာပြီး
တစ်ဒေါ်လာကို ကျပ် ၄၄၀၀ အထိရှိလာသည်။

(ကျပ်ငွေတန်ဖိုးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများစံချိန်တင်မြင့်တက်နေသည်။ ဓါတ်ပုံ-CJ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *