စစ်ကောင်စီက တရုတ်လုပ် ဘက်စုံသုံး ဒရုန်းထောင်ချီ မှာယူပြုပြင်ပြီး စစ်ပွဲများတွင် အသုံးပြုနေပြီ

PDF များထံမှ အတုခိုးသင်ယူခဲ့ပြီးနောက် စစ်ကောင်စီက တရုတ်လုပ် ဘက်စုံသုံး ဒရုန်းထောင်ချီ မှာယူပြုပြင်ပြီး စစ်ပွဲများတွင် အသုံးပြုနေပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များထံမှ အတုခိုးသင်ယူခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဘက်စုံသုံး ဒရုန်းထောင်ချီ မှာယူ ပြုပြင်ပြီး စစ်ပွဲများတွင် အသုံးပြုလာကြောင်း Reuters သတင်းဌာနက သတင်း ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများအသုံးပြု၍ စစ်ကောင်စီတပ်အပေါ် ပြတ်ပြတ်သားသား အနိုင်ယူ အောင်မြင်မှုများရရှိခဲ့ပြီးနောက် စစ်ကောင်စီကလည်း PDF ထံမှ အတုခိုးသင်ယူကာ တရုတ်လုပ် ဘက်စုံသုံးဒရုန်းများကို မှာယူလာကြောင်း၊ အဆိုပါ ဒရုန်းများကို ပြန်လည်ပြုပြီး စစ်ပွဲများတွင် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် PDF များသာကမ စစ်ကောင်စီတပ်ဘက်ကလည်း ဒရုန်းများကို ထိထိရောက်အသုံး ပြုလာသဖြင့် နှစ်ဖက်စလုံးက ဒရုန်းများကို စစ်ပွဲအတွင်း အသုံးပြုနေကြခြင်းဖြစ်သည်။ စစ်ကောင်စီ၏ တရုတ်လုပ် ဒရုန်းများကြောင့် တော်လှန်ရေးသမားများဘက်တွင် ထိခိုက်မှုများ ရှိလာနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံလုပ် ဘက်စုံသုံး ထောင်ချီကို စစ်ကောင်စီက ဝယ်ယူပြီး ယင်းတို့ကို လက်နက်တပ်ဆင်နိုင်ရန် ပြန်လည် ပြုပြင်သုံးစွဲနေကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပညာရှင်အဖွဲ့ မှအမှုဆောင်ဒါရိုက်တာ မင်းဇော်ဦးက စစ်ဘက်အရာရှိများနှင့် လက်နက်ထုတ်လုပ်ရေးနှင့် ရင်းနှီးကျွမ်းဝင်သူများကို ကိုးကား၍ Reuters သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်များက စစ်ကောင်စီစခန်းများအပေါ် ဒရုန်းများဖြင့် ဗုံးပေါင်း ၂၅,၀၀၀ ကျော် ကျဲချခဲ့ပြီး ယင်းနယ်မြေများကို စွန့်လွှတ်ခဲ့ရကြောင်း အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မြန်မာစစ်တပ်က ၂၀၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ လက်နက် တပ်ဆင်ထားသော CH-3 UAV ၁၂ စီးခန့်ကိုလည်း မှာယူခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနက ခန့်မှန်းသည်။ သို့သော်လက်တွေ့တွင် စစ်ကောင်စီက တရုတ်လုပ်ဘက်စုံသုံး ဒရုန်းများကိုသာ အသုံးပြုနေသည်ဟု တော်လှန်ရေးဘက်တော်သားများက ဆိုကြသည်။

သို့သော် လယ်ယာစိုက်ပျိုးရေး အတွက် ဒီဇိုင်းထုတ်ထားသည့် မောင်းသူမဲ့ လေယာဉ်များ အပါအဝင် ဘက်စုံ ရဟတ်ယာဉ်များကို ထိုးစစ်ဆင်နေချိန်တွင် စစ်အစိုးရက ထိုသို့သော လေယာဉ်များကို အသုံးမပြုတော့ဘဲ နောက်ဆုံး အမျိုးအစားများတွင် တော်လှန်ရေး အဖွဲ့ဝင်များက ပြောဆိုခဲ့သည်။

လာမည့်ကာလလများအတွင်း ပြည်တွင်းစစ်၏ လမ်းကြောင်းကို ခန့်မှန်းရန် ခက်ခဲသော်လည်း တော် လှန်ရေးတပ်များ၏ ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်း အားသာချက်မှာမူ ဆုံးရှုံးသွားကြောင်း တော် လှန်ရေးဘက်တော်သားတချို့နှင့် လုံခြုံရေးဆိုင်ရာ လေ့လာကျွမ်းကျင်သူတချို့က အမြင်တူစွာ ပြောဆိုကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *