“ဒရုန်းပစ်စင်တွေကို တီထွင်ထုတ်လုပ် ဖန်တီးသူ ဗိုလ်ကြီး နေဖြိုးဝင်း မသာပေါ် သေဆုံး”

တော်လှန်ရေး တပ်တွေရဲ့ ဒရုန်းတွေကို ပစ်ချဖို့အတွက် ဒရုန်းပစ်စင်တွေကို ကိုယ်ပိုင် ဒီဇိုင်းနဲ့ တီထွင်ထုတ်လုပ် ဖန်တီးနေသူ ဗိုလ်ကြီး နေဖြိုးဝင်းဟာ ဗုံးသီး ထိမှန်ခဲ့ကာ ဆေးကုသမှု ခံယူရင်း ဇွန်လ ၁၂ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ကြီး နေဖြိုးဝင်းဟာ ဇွန်လ ၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် တော်လှန်ရေး တပ်တွေရဲ့ ၄၀ မမ ဗုံးသီး ထိမှန်ခဲ့ပြီး ဝမ်းဗိုက် (၂) ချက်နဲ့ ခြေသလုံး (၁) ချက် ဒဏ်ရာရရှိခဲ့ကာ ကလေးမြို့ရှိ စစ်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး ခွဲစိပ်ကုသခဲ့ကြောင်း၊

သွေးထွက်လွန်ကာ ကျောက်ကပ်ပျက်စီးသွားပြီး ဆေးကုသမှု ထပ်မံလိုအပ်တာကြောင့် ရန်ကုန်၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးသို့ လွှဲပြောင်းရန် လေယာဥ်ကြုံ စောင့်ဆိုင်းနေစဉ် ဇွန်လ ၁၂ ရက်နေ့မှာ သေဆုံးခဲ့ကြောင်း၊

တပ်တွင်း သတင်းရင်းမြစ်ရဲ့ အဆိုအရ ကလေး-ရန်ကုန် အရပ်ဘက် လေယာဥ်တွေ ရှိနေပေမယ့် စစ်တပ်ရဲ့ Y8 လေယာဉ်ကြုံကို မလာမချင်း ထိုင်စောင့်နေတာကြောင့် အချိန်လင့်သွားကာ မသေသင့်ပဲ ငရဲကို စောလျင်စွာ ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါတယ်။

ဖိုးစီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *