တနင်္သာရီရှိ အောင်သာ၀ရစစ်ကောင်စီစခန်းကို KNLAနှင့် PDFပူးပေါင်းတပ် သိမ်းပိုက်

တနင်္သာရီမြို့နယ် အောင်သာ၀ရကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ယနေ့ (ဇြန္လ ၁၄ရက်)တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။

နှစ်ပေါင်း ၂၇ နှစ်ကြာတပ်စွဲထားသည့် အဆိုပါ စခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချခြင်းမရှိ၍ ယနေ့ (ဇြန္လ ၁၄ရက်)နံနက်တွင် ထိုးစစ်ဆင်ခဲ့ရာ နေ့လယ် ၁၂နာရီတွင် သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

“အောင်သာ၀ရစခန်းက တနင်္သာရီမြစ်ဘေးနားမှာ ရှိတာပေါ့နော်။ ထိုင်တဲ့ ရန်သူရဲ့တပ်ရင်းက ခလရ(၂၈၅)ပေါ့နော်။ အောင်သာ၀ရ ဆိုတာ အရင်က ကရင်ရွာလေးတစ်ရွာ။ ၁၉၉၇က စစ္တပ္က ထိုးစစ်ဆင်တော့ ရွာသူရွာသားတွေ ထွက်ပြေးကြတာ။ အဲဒီ စစ္တပ္က အဲဒီရွာထဲမှာပဲ စခန်းချကြတယ်။အခုတော့ ကျနော်တို့ KNLA တပ္မဟာ နဲ့ တပ်ရင်း(၇)နဲ့ PDF အဖွဲ့ဝင်ပူးပေါင်းတော်လှန်ရေးအင်အားနဲ့ သိမ်းပိုက်တာပေါ့ဟု ပဒိုစောအယ်နားက ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်၊လက်နက်ခဲယမ်း ရရွိမွု အခြေအနေကို စုံစမ်းထားဆဲဖြစ်သည်။

ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

” ဒီစခန်းကလည်း မသိမ်းခင် ကျနော်တို့က ပြောထားတယ်။ ဆက်သွယ်ထားတယ်။ လက္နက္ခ် ပူးပေါင်းပါ။ သူတို့က အသေခံလုပ်မယ်ဆိုလည်း လုပ်ပေါ့နော်။ သူတို့ အသေခံလုပ်တယ်ဆိုတော့ ကျနော်တို့ မလွှဲမရှောင်သာ တိုက်ရတာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

KNLA တပ္မဟာ(၄)နှင့် ပူးပေါင်းတပ်များသည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်တပ်စခန်းများအား တိုက်ခိုက်သည့် စစ်ဆင်ရေးများကို ယခုနှစ်အတွင်း ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းအလိုက်လက်နက်ချမှု၊ တပ်စခန်းတစ်ခုလုံး စခန့်စွန့် ထွက်ပြေးမှုများ ရှိခဲ့သည်။

(တပ္မဟာ(၄)နယ်မြေအတွင်း ပြီးခဲ့သည့်ဧပြီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့စဉ်။ ဓာတ္ပုံ – KKL)


Comments

Leave a Reply

Your email address will not be published. Required fields are marked *