အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင် ကို ရေကြည်အိုင်ကိုရွှေ့

မြေယာအဂတိမှုနဲ့ နေပြည်တော်မှာဖမ်းဆီးခဲ့တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးမြင့်လှိုင်ကို ရန်ကုန်မြို့က ရေကြည်အိုင် စစ်ကြောရေးမှာ ပြောင်းရွှေ့စစ်ဆေးနေတယ် လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

တစ်ပတ်ကိုနှစ်ရက် ရုံးထုတ်တယ်လို့ အဲဒီအရင်းအမြစ်က ပြောပါတယ်။

ဦးမြင့်လှိုင်လိုအပ်တဲ့ ပစ္စည်းတချို့ကို နေပြည်တော်ကနေ လာယူသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို သူ ရာထူးရှိချိန်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်မြေဧက ၁၇၀၀ ကျော်ကို သားမက်ဖြစ်သူနဲ့ အတူ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဦးမြင့်လှိုင်ကို ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှာပဲ နေပြည်တော်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားပြီး ကားဆယ်စီးဝန်းကျင်နဲ့ စစ်သားတွေရော အရပ်ဝတ်တွေပါ ပါဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ စစ်အစိုးရလက်ထက်က လူဟောင်းဖြစ်သူ ဦးသိန်းစိန်အစိုးရလက်ထက်ဝန်ကြီးတစ်ဦး ပထမဆုံးနောက်ကြောင်းပြန် အရေးယူခံရတာလည်း ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *