စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေများကို အသက်ပေး ကာကွယ်ရန် အမိန့်ပေးသော်လည်း ပြည်သူ့စစ် နှင့် BGF စခန်းများကို KIA က တောက်လျှောက် သိမ်းယူနေ

ဦးဇခုန်တိန့်ယိန်းနှင့် ဆက်စပ်နေသော နယ်ခြားစောင့်နှင့် ပြည်သူ့စစ် စခန်းပေါင်း ၁၅ ခုကို ၃ ရက်အတွင်း သိမ်းပိုက်ရရှိထား

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေများကို အသက်ပေး ကာကွယ်ရန် အမိန့်ပေးသော်လည်း ပြည်သူ့စစ် နှင့် BGF စခန်းများကို KIA က တောက်လျှောက် သိမ်းယူနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက ကချင်အထူးဒေသ ၁ နယ်မြေအတွင်း ဝင်ရောက်လာသော KIA နှင့် PDF များကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြရန် ၊

ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ကံပိုင်တည်ဒေသမှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် မြေတစ်လက်မတိုင်းကို ကာကွယ်ရန် ခုခံစစ်ဆင် တိုက်ခိုက်ကြရန် စစ်မိန့်ပေးအပ်ကြောင်း အမိန့်ပေးအပ်သည်ဟု ပါရှိသည်။

ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်ထုတ်ပြန်ချက်ပြီးနောက်ပိုင်း KIA နှင့် ပူးပေါင်းအဖွဲ့များက ဇွန်လ ၁၂ ရက်နေ့ ဝိုင်းမော် – ကန်ပိုင်တည် ဆက်သွယ်ရေးလမ်းကြောပေါ်ရှိ စခန်း ၁၁ ခုနှင့် ဇွန်လ ၁၃ ရက်နေ့တွင် ဝိုင်းမော် – ချီဖွေ သွားလမ်းပေါ်မှ ဆနီခူးတပ်စခန်း ၂ ခုတို့ကို သိမ်းပိုက်ခဲ့ကြောင်း ၊ဇွန်လ ၁၄ ရက်နေ့ ကချင် ပြည် နယ် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့် (BGF)စခန်းဖြစ်သော ရှငေါ် ပြည်သူ့စစ်စခန်း၊ မန်ဒေါင်နယ်ခြားစောင့်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသည် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်း ဆောင်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *