အရာတော်မြို့နယ် သလဲဘာပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု စစ်သား ၄ ယောက်နဲ့ ပျူ ၁ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ အင်အား ၁၂၀ နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ် တွေတိုက်ခိုက်ခဲ့တယ်လို့ Ngwe Dwin Revolution Forceထံက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၄ ယောက် ပျူ ၁ ယောက် သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း (Ngwe Dwin Revolution Force)က လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *