အာရက္ခတို့က စ.က.စ ကို ငယ်နိုင်သဘောထားပြီးကို ကျုံးနေတာ

AA အနေနဲ့ လက်ကျန် မြို့တွေထဲက “ဘယ်မြို့ကို အရင်သိမ်းနိုင်မလဲ” ဆိုတဲ့ ခန့်မှန်းချက် စစ်တမ်းလေး လုပ်နေတာတွေ့ မိတယ်။

စကခတွေကို ငယ်နိုင်လို့သဘောထားပြီး သိမ်းနေတဲ့ AA တို့အတွက် တောင်ပိုင်းက တစ်မြို့ကို အခုမိုးကာလမှာ ထပ်သိမ်းပြမယ်လို့ ထင်ပါတယ်။

ဝိုင်းမော်ကို ပိတ်ဆို့ဖြတ်တောက်ထားတဲ့ KIA ဟာ ဆဒုံးကားလမ်းတလျောက် စကစ စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းနေဆဲဖြစ်ပါတယ်။

နယ်ခံတပ်အနေနဲ့ ဆခုံတိန့်ယန်းရဲ့ နယ်ခြားစောင့်တပ် ၁၀၀၃ တစ်ရင်းသာ စင်ကြိုင်မှာ ရှိနေပါတယ်။

နယ်ခြားစောင့်တပ် ၃တပ်ထဲမှာ ၁၀၀၂ တစ်ရင်းသာ မာမာချာချာ ရှိတာဆိုတော့ တကယ်တိုက်ရင် သေချာပါတယ်။

KIA ဟာ ဆဒုံးနဲ့တင် ရပ်မှာမဟုတ်ပါဘူး။

ရည်မှန်း ချက်ဟာ ကန်ပိုက်တီးပါ။

လွယ်ဂျယ်ကို စွန့်လွှတ်ထားရတဲ့ စကစအဖို့ ကန်ပိုက်တီး လက်မလွှတ်ရဖို့ ဘယ်လိုဟန့်စစ် ဆင်မလဲဆိုတာကိုပဲ စောင့်ကြည့်နေရုံပါ။

စာကြွင်း။ ။အမာခံ မိတ်ဆွေများ ခင်ဗျာ … စောင့် စားနေကြတဲ့ စကစရဲ့အပြောင်းအရွှေ့ သတင်းလေးရှိပါတယ်။ ဆက်လာပါ့မယ် ခင်ဗျာ။

ဇင်ယော်

Leave a Comment