စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် သေဆုံးသူများပြား

စဉ့်ကူးတွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် သေဆုံးသူများပြား

စစ်တပ်က တရော်ပင်ရွာကို စီးနင်းမီးရှို့မှု နေအိမ် ၃၅ လုံးပြာကျ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် သေဆုံးသူများပြားခဲ့သောကြောင့် စစ်တပ်က တရော်ပင်ရွာကို စီးနင်းမီးရှို့ခဲ့ပြီး နေအိမ် ၃၅ လုံးပြာကျခဲ့ကြောင်း ကင်းထောက်မြေပြင် သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့တွင် တရော်ပင်ရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နယ်မြေရှင်းလင်းရေး၍ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဖက် ထိတွေ့ တိုက်ပွဲဖြစ်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ တရော်ပင်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းကို အရင် မိုင်းဆွဲတာ ပြီးတော့ တိုက်ပွဲဖြစ်တာပဲ စစ်ခွေးတွေဘက်က စစ်ဗိုလ် ၁ ဦးအပါအဝင် အသေများတယ်။ တိုက်ပွဲဖြစ်နေတုန်း ရွှေပြည်ရွာ ဆေးပေးခန်းက စစ်ခွေးတပ်နဲ့ ပင်လည်ကြီး ဘက်က စစ်ခွေးတပ်တွေက ရွာတော်လေးကနေ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတပ်က နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ကင်းထောက်မြေပြင် သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *