စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

နတ်တလင်းမြို့နယ်တွင် PDF တပ်ဖွဲ့များကို စုံစမ်းထောက်လှမ်းနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်မြို့နယ်တွင် PDF တပ်ဖွဲ့များကို စုံစမ်းထောက်လှမ်းနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်တလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက် ည ၁၀ နာရီခန့်က နတ်တလင်းမြို့နယ်၊ မကျီးပင်အောင်သုခကျေးရွာတွင် နေထိုင်သော အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေးကို တပ်ရင်း ၃၈၀၁ တပ်ခွဲ – ၂ PHOENIX DF ၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ္စည်းတွေဘာတွေတော့ ထွေထွေထူးထူးသိမ်းဆည်းမိခဲ့တာမရှိပါဘူး။ စခတွေနဲ့ ဆက်သွယ်ထား တဲ့ မှတ်တမ်းအချို့ပဲ သိမ်းဆည်းလာခဲ့တာပါ။ အိမ်ထဲ ဝင်ဖမ်းပြီးခေါ်ထုတ် ရှင်းလင်းခဲ့လိုက်တာပါ။ နေက်ဆက်တွဲ စစ်ကြောင်းတွေ၊ ဘာတွေထိုးလာတာမျိုး မကြားမိသေးပါဘူး” ဟု နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ ခင်မောင်ဌေးသည် တော်လှန်ရေးရဲဘော်များ၏ သွားလာလှုပ်ရှားမှုများ၊ တည်နေရာများ ကို စုံစမ်းထောက်လှမ်းကာ အကြမ်းဖက် စစ်ကောင်စီတပ်ထံ ပေးပို့ခြင်းတို့ လုပ်ဆောင်နေသဖြင့် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

စစ်မှုထမ်းဥပဒေအကောင်အထည်ပေါ်စေရန် လူငယ်များကို အတင်းအဓမ္မ စစ် သားစုဆောင်းခြင်း၊ ပြည်သူများ လွတ်လပ်စွာ ခရီးသွားလာခွင့် မရအောင် ပိတ်ဆို့ခြင်း၊ အကြောင်းအမျိုးမျိုးပြငွေ တောင်း ခံခြင်း၊ မိမိပိုင်ဆိုင်သည့် ဖုန်းကိုပင် လွတ်လပ်စွာအသုံးပြု၍ မရခြင်းများဖြင့် ပြည်သူလူထု အပေါ် အမျိုးမျိုးဒုက္ခပေးနေသည့် အကြမ်းဖက်စစ်တပ်ကို ဝေးဝေးမှရှောင်ကြဉ်၍ ပေါင်းသင်းဆက် ဆံခြင်း၊ အထောက်ပံ့ပေးခြင်းနှင့် အတူခရီးသွားလာခြင်းများ မပြုလုပ်ကြရန် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်နိုင်ငံတော်သစ်ပေါ်ထွန်းလာသည်အထိ အကြမ်းဖက်စစ်တပ်နှင့် ဒေါက်တိုင်မှန်သမျှကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း နတ်တလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *