PDF ထံသို့ ကျည်ဆန်များ ရောင်းစားမှုဖြင့် ခလရ ၅၀ တပ်မှ ဗိုလ် ကြီး မျိုးဝင်းသူနှင့် စစ်သားမိန်းမ ၂ ဦးကို စစ်တပ်က ဖမ်းဆီး

ဂန့်ဂေါတွင် PDF ထံသို့ ကျည်ဆန်များ ရောင်းစားမှုဖြင့် ခလရ ၅၀ တပ်မှ ဗိုလ် ကြီး မျိုးဝင်းသူနှင့် စစ်သားမိန်းမ ၂ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကြောရေးတွင် ရိုက်နှက်ခံရ၍ စစ်သားမိန်းမ ၂ ဦးဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းတွင် ကျည်ဆန်များခိုးရောင်းစားသူ ဗိုလ်ကြီး မျိုးဝင်းသူ ဖမ်းဆီးခံထားရပြီး စစ်သားမိန်းမ ၂ ဦးကိုပါ စစ်တပ်က ရိုက်နှက်စစ်ဆေးသဖြင့် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းတွင် စစ်သား၊ ရဲများ အစည်းအဝေးပွဲလုပ်ပြီး စစ်သားတစ်ဦးလျှင် ကျည်ဆန် ၅၀၀ စီပေးခဲ့ကြောင်း၊ ယင်းနောက် ကျည်အရောင်းအဝယ်ပြုလုပ်သည်ဆိုသော သတင်းပေါက်ကြားသွားဖြင့် စစ်တပ်က စစ်ဆေးခဲ့ကြောင်း၊ စစ်သားမိန်းမနှစ်ဦးက အပြင်ပွဲစား ၃ ဦးဖြင့် ချိတ် ဆက်ကာ AK ကျည် ၇၀၀၀ ကို တစ်တောင့်လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့်ရောင်းစားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်သား မိန်းမ ၂ ဦးကို ရိုက်နှက်စစ်ဆေးရာ ဒဏ်ရာများ အပြင်းအထန်ရရှိသဖြင့် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရ ကြောင်း သိရသည်။

“ရောင်းစားတာကတော့ ကြာပြီလို့ ပြောတယ်၊ နည်းနည်းစီဆိုတော့ သိပ်မသိသာတာပေါ့၊ အခုက ၇၀၀၀ ဆို တော့ သူတို့ ရိပ်မိသွားတဲ့သဘောဖြစ်မယ်၊ စစ်တဲ့အခါမှာ အမျိုးသမီးတစ်ယောက် လစာငွေနဲ့ မလောက်လို့ ငတ်နေလို့ ကျည်ရောင်းစားရတာလို့ ပြောတယ်လို့ ပြန်ကြားရတယ်၊ တပ်ရင်းထဲမှာ အတော်လေးစစ်ဆေးနေတယ်၊ အဝင်၊ အထွက်တွေပိတ်စစ်နေတာ ၊ မြေလှန်ရှာတဲ့သဘောပြန်ကြား နေရတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းကပြော ကြားသည်။

ထို့ပြင် ဗိုလ်ကြီးမျိုးဝင်းသူကိုလည်း ကျည်ဆန်ရောင်းစားမှုဖြင့် တပ်ရင်းအချုပ်တွင်ဖမ်းဆီးထား ကြောင်း၊ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါမြို့ပေါ်တွင် သေ နတ် များ ပစ်ဖောက်ပြကာ ကျည်ဆန်စစ်ဆေး ရန်ခက်ခဲသည်ကို အခွင့် ကောင်းယူပြီး ကျည်ဆန်များကို ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခွဲခန့် တွင် အကြမ်းဖက်စစ်ကောင်စီက Mi 17 ထောက်ပို့ ရဟတ်ယာဉ်တစ်စီးဖြင့် ကျည်သေတ္တာတစ်လုံးလာရောက်ချပေးခဲ့ပြီး ထို့သို့ချပေးသည့် ရဟတ်ယာဉ်ဖြင့် ဗိုလ်ကြီးမျိုးဝင်းသူ၏ ယောက္ခမဖြစ်သူလည်း လိုက်ပါလာကြောင်း တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ- ဧပြီလအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းနှင့်ကျည်ဆန်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *