ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသော ဗိုလ်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသော ဗိုလ်ဝင်းပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ပေါက်ခေါင်းမြို့နယ်၊တောင်လည်ရွာတွင် နေထိုင်သော စစ်တပ်အတွက် အလုပ်လုပ်နေသည့် ဗိုလ်ဝင်းကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရာ ဝမ်းဗိုက်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှုကို ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၄ ၊တပ်ခွဲ ၅ ၊ရွှေတောင်(ပကဖ)နှင့်ပေါက်ခေါင်း(ပကဖ)တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်အတွက် အလုပ်လုပ်နေသူ ဗိုလ်ဝင်းသည်တောင်လည်ရွာမီးသတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး တောင်လည်ရွာနှင့်အခြားအနီးနားပတ်ဝန်းကျင်ကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ထောက်ပို့နှင့်တပ်ဖွဲ့ဝင်မိသားစုများဖမ်းဆီးရန်အတွက် စစ်ကောင်စီတပ်ထံသို့ သတင်းပေးပို့ခြင်း၊ ကျေးရွာအတွင်းနေထိုင်၍မရစေရေး သတင်းပေခြင်း၊တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုများကိုစောင်ကြည့်သတင်းပေးခြင်း၊လမ်းပြအဖြစ်လိုက်နေသူလည်းဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်ရှင်းလင်းမှု မလုပ်ဆောင်ခင်ကာလ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြည်သူများ၏ သတင်များကို စကစထံ သတင်းပေး​ခြင်း၊လမ်းပြခြင်း၊ထောက် ပံ့ခြင်းများမပြုလုပ်ရန်အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း ၊ လိုက် နာခြင်းမရှိဘဲ စစ်တပ်အတွက် ဆက်လက်အလုပ်လုပ်နေသည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်အတွက် အလုပ်လုပ်နေသူများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *