အွန်လိုင်းလောင်းကစားရုံကို စစ်တပ်က ဝင်စီးပြီးနောက် ဖမ်းဆီးရရှိသော ဆိုင်ကယ်အကောင်းစားများကို ကုန်ကားများဖြင့် နေပြည်တော်သို့ သယ်ယူ

တာချီလိတ်မြို့ပေါ် အွန်လိုင်းလောင်းကစားရုံကို စစ်တပ်က ဝင်စီးပြီးနောက် ဖမ်းဆီးရရှိသော ဆိုင်ကယ်အကောင်းစားများကို ကုန်ကားများဖြင့် နေပြည်တော်သို့ သယ်ယူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းရုံကို စစ်တပ်က ဝင်စီးပြီးနောက် ဖမ်းဆီးရရှိသော ဆိုင်ကယ်အကောင်းစားများကို ကုန်ကားများဖြင့် နေပြည်တော်သို့ သယ်ယူသွားကြောင်း ဒေသ ပြည်သူများနှင့် တပ်သတင်းရင်းမြစ်တချို့က ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်၊ 1G1 ဟိုတယ် ၏အနောက်ဘက်တွင် ဖွင့်လှစ်ထားတဲ့ အွန်လိုင်း လောင်းကစားရုံစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ လောင်းကစားရုံမှ ဝန်ထမ်း ၃၀၀ ကျော်ကို ဆိုင်ကယ်များ အပါအဝင် သက် သေခံ ပစ္စည်းများစွာဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးရရှိသော ဆိုင်ကယ်များထဲမှ ဆိုင်ကယ် အကောင်းစားများ၊ ယိုးဒယားဆိုင်ကယ်များကို ကုန်တင်ကားများဖြင့် နေပြည်တော်သို့ ယမန်နေ့ နံနက်ပိုင်း သယ်ဆောင်သွားကြောင်း သိရှိရသည်။

“ဆိုင်ကယ်တွေက သူတို့ဖမ်းသွားတာအများကြီးပဲလေ။ အဲဒီအထဲက ယိုး ဒယားဘီး အကောင်းစားတွေ၊ ခပ်လတ်လတ် ဘီးတွေကို ကုန်ကားတွေနဲ့ နေပြည် တော်သယ်သွားတာ။ မနေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ သယ်တာ။ နေပြည်တော်ရောက်သွားရင်တော့ လိုင်စင် တပ်ပြီးတော့ ဌာနဆိုင်ရာ နဲ့ သူတို့ သုံးဖို့လို့ ပြောတယ်” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

တာချီလိတ်မြို့မှ ရဲသတင်းရင်းမြစ်ကလည်း ဆိုင်ကယ်များကို နေပြည်တော်သို့ သယ်ဆောင်သွားမှုမှာ မှန်ကန်သော်လည်း မည်သည့်အတွက်ကြောင့် နေပြည် တော်သို့ သယ်ယူသည်ကို မရှင်းလင်းကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ နံနက်ပိုင်း တာချီလိတ် လောင်းကစားရုံမှ ဖမ်းဆီးရရှိသော ဆိုင်ကယ်များ ကို နေပြည်တော်သို့ ကုန်ကားဖြင့် သယ်ယူနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *